သူကအခုသူဝါသနာပါရာဆိုင်ကယ် showroom ဖွင့်ထားတယ်။နောက်ပြီးတော့ သိပ်မကြာသေးခင်ကမှသူ့သူငယ်ချင်းဟောက်ရွှမ်းဆိုသူနဲ့ဆက်တူ bar တစ်ခုလဲထောင်ထားတယ်ဆိုပဲကျွန်တော်သိပ်မသိသေးဘူး အဲ့ကိစ္စတော့နောက်မှသေသေချာချာမေးရပါအုံးမည်။
ရိပေါ်ရဲ့ပါးနဲ့မားကတော့ကျွန်တော့်ကိုသားမက်လိုမဟုတ်ဘဲသားအရင်းလိုချစ်ရှာပါတယ်။
ပြောရရင် ပါးပါးနှစ်ယောက်ကငယ်ငယ်ထဲကနှစ်အိမ့်တစ်အိမ်လိုခင်လာတဲ့ညီအစ်လိုလိုမျိုးပေါ့။ကျွန်တော့ပါးနဲ့မားကဆိုးတော့မဆိုးဘူးဗျ သူ့သားဖြစ်တဲ့ကျွန်တော့်ကို စိတ်ချချင်လို့ဆိုပြီး သေတမ်းစာထဲမှာ ယောက်ျားပေးစားခဲ့တယ်လေ။အဲ့သေတမ်းစားကပါးနဲ့မားဆုံးပြီး ၃ နှစ်ပြည့်မှကြည့်ဖို့ရှေ့နေကိုမှာခဲ့တာမို့ ၃ နှစ်ပြည့်မှသိခဲ့တာပေါ့။ပါးနဲ့မားကကျွန်တော့်ရည်မှန်းချက်ဖြစ်တဲ့ဆရာဝန်ဖြစ်အောင်လို့ဆရာဝန်ဖြစ်ပြီးမှသေတမ်းစာကိုပြဖို့မှာခဲ့သည်တဲ့။

ရိပေါ်ကတော့ ၀မ်ပါးကုမ္ပဏီကိုဉီးစီးရမှာဆိုတော့ ကုမ္ပဏီနဲ့ပတ်သတ်တာတွေလေ့လာဖို့ US သွားနေတာ သူပြန်လာပြီမကြာပါဘူး လက်ထပ်လိုက်ရတာပေါ့။ကျွန်တော်တို့နှစ်ယောက်လုံးမှာအတိတ်ကချစ်သူကိုယ်စီရှိခဲ့ကြဖူးတယ်။ဒါပေမဲ့ ဒီလိုတွေဖြစ်လာတော့လမ်းခွဲလိုက်ကြရတာပေါ့။အခုဆိုအိမ်ထောင်သက်တမ်းကတစ်နှစ်ခွဲရှိပြီ။တစ်နှစ်ခွဲဆိုတဲ့အချိန်အတွင်းတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဂရုစိုက်ပေးကြတယ်။တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးကြတယ်။တစ်ယောက်လိုအပ်တာတစ်ယောက်ဖြည့်ဆည်းပေးကြတယ်။

အဲ့ဒါကြောင့်အိမ်ထောင်ရေးကတော့အဆင်ပြေပါတယ်။ချစ်လားဆိုရင်တော့ အွန်း…ဘယ်လိုပြောရမလဲတစ်နှစ်ခွဲတောင်အတူတူနေခဲ့ကြပြီးပြီဆိုတော့သံယောဇဉ်တော့ရှိကြပါတယ်။ချစ်တော့မချစ်ကြပါဘူးလေ။အဲ့ဒါတွေကထားပါလေ...အခုတော့ကျွန်တော်လုပ်ပေးနေကျတာဝန်တစ်ခုလိုဖြစ်နေတဲ့ ရိပေါ့်အတွက်အ၀တ်အစားထုတ်ပေးလိုက်အုံးမယ်။ရေသံမကြားတော့ဘူးဆိုတော့ရေချိုးပြီးပြီထင်ပါတယ်။ဟော …ပြောရင်းဆိုရင်းပဲထွက်လာပါပြီ။သူ့ထံ တံဘတ်လေးပေးလိုက်တော့ တံဘတ်ယူရင်း…

🦁💚my husband🐰❤️ { Complete }Where stories live. Discover now