chapter(1)

79 5 0
                                    

"အာ  ​မွှေးလိုက်တာ"
ကျွန်​တော်က​ ကော်ဖီ​သောက်ရတာကြိုက်တယ်။ ကျွန်​တော်အားတဲ့အချိန်တိုင်း ကျွန်​တော့သူငယ်ချင်းနဲ့အတူ ဒီ​ကော်ဖီဆိုင်​လေးဆီလာပြီး စကား​ပြောဖြစ်တယ်။ကျွန်​တော့မှာ မိတ်​ဆွေအ​ပေါင်းသင်းရယ်ဆိုလို့ သူတစ်ယောက်ပဲရှိတာ။ကျွန်​တော်က အ​နေ​အေးတယ်​လေ။ပြီး​တော့ လူလည်း​ကြောက်တတ်တယ်။ ကျွန်​တော်မှာ သူငယ်ချင်းမရှိတာက ကျွန်​တော်လူ​ကြောက်တတ်လို့ချည်းပဲ​တော့ မဟုတ်ဘူး။ ​ကျောင်းတက်ရက်နည်းတာ​ကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ကျွန်​တော့အသက်၈နှစ်က​နေ၁၅နှစ်အထိ ကျွန်​တော့မှာသူငယ်ချင်းမရှိခဲ့ဘူး။ ကျွန်​တော့အ​ဖေကစီးပွား​ရေးသမားဆို​တော့ အလုပ်များတယ်။ အလုပ်များတဲ့ကျွန်​တော့ အ​ဖေက  ကျန်းမာ​ရေးခြူခြာတဲ့ကျွန်​တော့ကို သိပ်ဂရုစိုက်မနိုင်ဘူးလေ။ ဒါ​ကြောင့်လည်း​ ကျောင်းပျက်ရက်များတာ​ပေါ့။ ​ကျောင်းတက်တဲ့​နေ့​တွေမှာလည်း ကျွန်​တော်က အခြား​ကျောင်းသား​ကျောင်းသူ​တွေလို စာသင်ခန်းမှာမသင်ရဘဲ ဆရာခန်းမှာပဲသင်ရတယ်။ ​ကျောင်းပျက်ရက်များထား​တော့ တခြား​ကျောင်းသား​ကျောင်းသူ​တွေနဲ့ တူတူသင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး​လေ။ ဒါ​ပေမယ့် ကျွန်​တော်အထက်တန်းပထမနှစ်လည်း​ရောက်​ရော အခြားသူ​တွေနည်းတူ​ကျောင်းတက်လို့ရခဲ့တယ်။

■ဘာရမ်းအထက်တန်း​ကျောင်း၊​ကျောင်းဖွင့်ပြီး၅ရက်​မြောက်​နေ့၊အခန်းနံပါတ်(၁)....................
"ကဲ က​လေးတို့​ရေ သူကဆရာမတို့အတန်း မှာစာသင်မယ့် ​ကျောင်းသားသစ်ပဲ"

ထုံးစံအတိုင်း​ကျောင်းမဖွင့်ခင်နှစ်ပတ်အလိုမှာဖျား​တော့​ ကျောင်းတက်ရက်​နောက်ကျရတာ​ပေါ့။ ကျွန်​တော်စာသင်ရမယ့်အခန်းက အတန်းပိုင်နာမည်က Bae Seo Yong။ ဆရာမက သူမရဲ့​ကျောင်းသား​ကျောင်းသူ​တွေနဲ့ကျွန်​တော့ကိုမိတ်ဆတ်​ပေး​နေတယ်။   သူမကသ​ဘော​ကောင်းမယ့် ပုံ​ပေါ်တယ်။ သူမကမိတ်ဆတ်​ပေးပြီး ကျွန်​တော့ဘက်လှည့်ကာ​ခေါင်းငြိမ့်ပြတယ်။ ဆိုလိုတာက ကျွန်​တော်ကိုယ်တိုင် မိတ်ဆက်ရ​တော့မယ့်သ​ဘော​ပေါ့။

"ဟုတ် ​တွေ့ရတာဝမ်းသာပါတယ် ကျွန်​တော့နာမည်က na jaeminပါ"

" ကဲjaemin လွတ်တဲ့​နေရာဝင်ထိုင်လိုက်ပါ။"

LOVE SECRETLY (တိတ်တဆိတ် ချစ်​နေမယ်)Where stories live. Discover now