သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၇)

Start from the beginning
                                    

"အာ... ပေါက်ကရဗျာ... မာလာရှမ်းကောစားရရင်ပြီးတာဘဲဟာ.. ဒီမျက်နှာကြီး နောက်မမြင်ရမှာလဲမဟုတ်...''

"ဟြောင့်... မင်းဘာစကားပြောတာလဲ......''

"အော်... ဟို.... နောက်လဲတွေ့နေရမှာဘဲဟာလို့... အခုလို... အူးကို အန္တရာယ်များတဲ့အလုပ် မလုပ်ခိုင်းရက်ပါဘူးလို့...ဟီး... အာ့ ပြောတာ.....ဟဲ...''

"ဒါဆို... မင်းက ဘာမှမပြော မခိုင်းဘဲနဲ့.... ဟိုကလေးမက ဂျင်းထည့်တာပေါ့... အဲ့လိုလား...''

"ဟုတ်မှာအူးရ.... အဲ့ကလေးမက လွယ်တာမဟုတ်ဘူး... သားတို့နှစ်ယောက်ကို ဇွတ်တွေ ညားစေချင်နေတာ... အခုလဲ အဲ့ဒီလို ကြံပြန်ပြီနေမှာ...''

"အတော် အားကိုးရတဲ့ ညီမကို ရထားတာဘဲ... ငါ့ကို သတ်သတ်ကြီး သူများခြံထဲခိုးဝင်ရအောင် လုပ်တာ... သောက်ကျင့်ကိုက.. သူ့အကိုအတိုင်းဘဲဗျာ...''

"အာ... မဆီမဆိုင်... သားကိုဆွဲမထည့်ပါနဲ့ အူးရာ... ခုလဲဘာဖြစ်လို့တုန်း... သားကိုတွေ့ရတာဘဲဟာ.. ပြောပါအုံး.. သားမရှိတဲ့ နှစ်ရက်ကို ဘယ်လိုနေနေလဲ... သားကိုမလွမ်းဘူးလား.. ဟာတာတာကြီးရောမဖြစ်ဘူးလား...''

မျက်စိတစ်ဖက်ကိုမှိတ်ပြပြီး ပြောနေတဲ့ အဖြူကောင်ကို ကြည့်ပြီး ရွဲ့ချင်စိတ်ပေါက်လာသည်။

"လွမ်းပေါင်... ဖြစ်ပေါင်... ငါ့ဖြင့်ကြိတ်ပျော်နေရတာ.. ငါ့မီးဖိုချောင်ထဲက ပန်းကန်တွေ ခွဲမယ့်သူ မရှိတော့ဘူးဆိုပြီးတော့..''

"ရတယ်လေ... အူးမလွမ်းလဲ.. သားလွမ်းတယ်... အူးနားမှာ နေပြီး အူးကို ပြုစုနေရတဲ့ အချိန်လေးတွေကို လွမ်းနေတာ.. ပြောရင်းနဲ့ ပိုလွမ်းလာပြီ... လာ... ဒီနားတိုးအုံး.. အာဘွားပေးမလို့...''

"အေး... အဲ့မှာယွနေ... ပြတင်းပေါက်က သံတိုင်တွေ ကာထားတာကို မင်းဘယ်လို အာဘွားပေးမှာလဲ.... သောက်ပိုတွေပြောမနေနဲ့.. ရော့.. မာလာရှမ်းကော... အထုံစေ့လျော့ခိုင်းထားတယ်... Yummy ကဘဲ ဝယ်လာတာ...''

"အဲဒါတွေချစ်တာပါဆို... သားရဲ့ အဖိုးကြီးပေါက်စလေး...''

အ​ဖြူကောင်က မာလာရှမ်းကောထုပ်ကို လှမ်းယူပြီး ဇွဲရဲ့ လက်ကို အထဲကနေ အတင်းဆွဲထားလေသည်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now