Episode - 46 - Final (Z+U)

Start from the beginning
                                    

ထိုက်ပြောမယ်ကြံတုန်း သူ့ရဲ့ လက်မောင်းပေါ်သို့ဓားချက်တစ်ချက်ကျရောက်လာခဲ့သည်။ အငိုက်မ်ိနေသော ထိုက်အဖို့ အခြေအနေတွေကိုမရင်ဆိုင်နိုင်လိုက်ပေ ။

" ထိုက်စိုးစံ ရရဲ့လား? "

ထိုက်ရဲ့လက်မောင်းတွင်သွေးတွေထွက်နေတာမို့ မာန်လည်းစိတ်ပူကာမေးမိသည်။

" ကျွန်တော့်ကိုထားခဲ့ ! ဟိုဘက်ပြေးသွားတယ်လိုက်သွား
ဖမ်းမိမှရမယ် အ့ "

တစ်ချက်လုပ်လိုက်တိုင်း လက်မောင်းဖြူဖြူတို့ဟာသွေးတွေစီးကျနေခဲ့သည်။ ဒဏ်ရာဟာနက်သွားတာမို့ အပိုင်းပိုင်းပြတ်နေလေသည်။

မာန်လည်းဘာမှပြောမနေတော့ဘဲ ဟေဇယ်ပြေးတဲ့နောက်ကိုသာပြေးထွက်လာခဲ့သည်။

ခဏကြာတော့ ဘုန်းစစ်နဲ့အတူရဲ့အချို့ဟာလည်းပါလာလေသည်။ အာကာထွဋ် ကတော့ ကံမကောင်းစွာနဲ့ပဲ လောကကြီးကနှုတ်ဆက်သွားခဲ့လေပြီ ။ အချိန်တန်သေရမယ့်အတူတူ ဘာမှလုပ်လို့မရတော့တဲ့ လောကကြီးမှာ သူဘယ်လိုမှအသက်ဆက်မရှင်နိုင်တော့ပေ ။

သူဆုတစ်ခုတောင်းခဲ့သည်။ နောင်ဘဝတော့ သာယာအေးချမ်းသော မိသားစုလေးပိုင်ဆိုင်ရပြီး ဟေဇယ်မိုးလိုမိန်းမမျိုးနဲ့မတွေ့ရပါစေနဲ့ ဟုဆုတောင်းခဲ့သေးသည်။ အခုတော့ သူ့ရဲ့ကလေးလေးနဲ့‌ရော အကိုကြီးနဲ့ပါကောင်းကင်ဘုံမှာပြန်တွေ့နိုင်ပြီလေ ။

" ထိုက်...ထိုက်....ဘာဖြစ်တာလဲ "

ဘုန်းစစ် ရောကိရောက်လာချင်းပဲ ထိုက်ကိုစိုးရိမ်ပူပန်စွာမေးလာခဲ့သည်။ သို့ပေမယ့် ထိုက်ကတော့ဘာမှမပြောဘဲ လက်ကိုသာပြလိုက်သည်။ ဘုန်းစစ်က သူ့ရဲ့အပေါ်ထပ်အင်္ကျီကို ဆွဲချွတ်၍ ထိုက်ရဲ့ဒဏ်ရာကိုသွေးတိတ်စေရင် စည်းနှောင်လိုက်သည်။

" ခဏလေးနော် ခဏလေးသည်းခံပေး မာန်ရော "

" ဟေဇယ့်နောက်လိုက်သွားတယ် ။ ရဲမှူကြီးတို့ အဲ့အနောက်ကိုလိုက်သွားလိုက်နော် "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now