အခန်း ၂၆ (Z + U)

Start from the beginning
                                    

နံနက်စာစားပြီးချိန်တွင် သမားတော်က သုန္ဓနှင့် စောယွန်းတို့၏ ဒဏ်ရာများကို လာရောက် စစ်ဆေးပြီး ပတ်တီးစည်းရန်မလိုအပ်တော့ပဲ လေဝင်လေထွက်ကောင်းစေရန်ထားကာ ဆေးသာ မပြတ်လိမ်းရန် မှာကြားခဲ့သည်။

"ပီအိုက်။ "

"ပြော နောင့်စိုင်း ။"

စောယွန်းက အခန်းတံခါးကို ပိတ်လိုက်ရင်း ပြန်ဖြေသည်။ 

"ပီအိုက် နားရက်ယူမလား?"

"ဘာဖြစ်လို့လဲ ? "

စောယွန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ခိုအားလားက သစ်ပင်ကို ဖက်တွယ်ထားသည့်နှယ် သူ့ကို ကပ်နေသည့် သုန္ဓက ရုတ်တရက် နားရက်အကြောင်းပြောနေ၍ဖြစ်သည်။

"ပီအိုက် အိမ်က စာလာတယ်မဟုတ်လား။
ပီအိုက် မိဘတွေလည်း တွေ့ချင်နေမယ်
ထင်လို့ပါ ။"

စောယွန်းကလည်း မိဘများကို သတိမရပဲ နန်းတော်တွင်သာ ပျော်မွေ့နေသည်မဟုတ်။ အစားကောင်းစားရလျှင်လည် သတိရ၊ တိုက်ဆိုင်မှုရှိလျှင်လည်း သတိရမြဲဖြစ်သည်။
ထို့ကြောင့် သက်ပြင်းငွေ့ငွေ့ချ၍ သုန္ဓအနီးတွင် ထိုင်လိုက်သည်။

"ပီအိုက် ထိခိုက်မိတယ်ဆိုလို သူတို့ စိတ်ပူနေခဲ့တာပါ။ အမေနဲ့ အဖေကို တွေ့ချင်ပေမယ့်
နောင့်စိုင်းကိုလည်း စိတ်မချဘူး ။"

"ကျွန်ုပ်က အကြာကြီးများ ခွင့်ပြုပေးမယ်ထင်လို့လား? "

သည်ကောင်လေးကို စောယွန်း ပညာအတော်ပြခဲ့မိပုံရသည်။ စောယွန်းက ငါးခူပြုံးပြုံးလျက် ခေါင်းကို အနည်းငယ် ယမ်းခါလိုက်သည်။

"မေ့သွားတာပဲ နောင့်စိုင်းက ဒီအတိုင်းတော့ ဘယ်လွှတ်ပါ့မလဲနော်။"

"ကျွန်ုပ် ပီအိုက်ကို တစ်ရက်အချိန်ပေးမယ်။ မနက်ဖြန် မနက်စောစော ပီအိုက် အိမ်ကို ပြန်ပါ။ နောက်တစ်နေ့ မနက် ဆိုတာနဲ့ နန်းတော်ကို
အရောက်ပြန်ခဲ့ရမယ်။ မရောက်ရင် ကျွန်ုပ်က အပြစ်ဒဏ်ပေးရမှာပ။"

"အမလေး ကြောက်ဖို့ကောင်းလိုက်တာ။"

စောယွန်းက တကိုယ်လုံး ဓာတ်လိုက်နေသည့်နှယ် တုန်ယင်ပြလိုက်သဖြင့် သုန္ဓက မျက်လုံးထောင့်များမှနေ၍ သူ့အား ကြည့်လိုက်သည်။

ဟေမန္တအလွန်Where stories live. Discover now