ကုဖေးက မေးလာသည်။
"မင်း Affiliated Highကျောင်းကမေးခွန်းတစ်
စုံရေးဖို့လည်း ကျန်သေးတယ်မလား?။"

"ငါ ဒီနေ့ညအပြီးလုပ်နိုင်တယ်။ပြီးတော့ ကိုယ်
ပိုင်စာကြည့်ချိန်အတန်းမှာလုပ်လို့ရတယ်။ "
ကျန်ချန်သည် သူ့လက်ချောင်းများနှင့်ကုဖေးရဲ့ကတုံးပြောင်ပြောင်ကိုပွတ်သပ်နေတာအား
ရပ်တန့်လိုက်၏။
"ေဟး,ရှေ့ဗ်ထိုးတာ နှစ်ရက် သုံးရက်ရှိနေပြီ၊
ဆံပင်က အခုထိ စူးနေတုန်းပဲ။ "

"မင်းက ဘာထင်နေလို့လဲ။ "
ကုဖေးက ထပ်ပြီးစိတ်အနှောင့်အယှက်အဖြစ်
မခံတော့ပဲခေါင်းငုံ့ပြီးဖုန်းကစားနေ၏။
"မင်းအချိန်တိုင်း ဒီခေါင်းကိုပွတ်တာရပ်လိုက်ရင်ဆံပင်ရှည်မြန်လာလိမ့်မယ်။မင်းလုပ်လို့ ငါ့ကိုယ်
ငါ ကတုံးဖြစ်မှာတောင် စတင်စိုးရိမ်လာပြီ။ "

"ဟေး,"
ကျန်ချန် သူ့ကို ကြည့်လိုက်တယ်။
"တခြားလူက မင်းရဲ့ခေါင်းကိုပွတ်တာမျိုး, မုန်းလား ?။"

"မပြောတတ်ဘူး။ ကုအားမြောင်နဲ့ မင်းကလွဲပြီး ဘယ်သူမှ ငါ့ခေါင်းကို မထိရဲဘူး။"

"တကယ်?ငါက မင်းကောင်လေးဆိုတော့သေ
ချာပေါက်အထူးအခွင့်အရေးရှိသင့်တယ်။ "
ကျန်ချန်သည်ပြုံးလိုက်ပြီးခန္ဓာကိုယ်ကိုစောင်း
လိုက်ပြီး ကုဖေးရဲ့ခေါင်းကိုကိုင်ကာထိပ်တည့်
တည့်သို့ အနမ်းတစ်ပွင့်ချွေလိုက်သည်။
"မင်းရဲ့ဦးထုပ်ကိုချွတ်လို့မရတာ အရမ်းဆိုး
တယ်။ မဟုတ်ရင် ငါ မင်းခေါင်းပေါ်ကို သွား
ရာထင်တဲ့အထိကိုက်ပစ်မှာ။"

"ငါ့ခါးပေါ်ကတစ်ခုတောင် အရောင်မှိန်သွား
ပြီ။"

ကျန်ချန်က လျှာကိုလိပ်ကာ ကျစ်သပ်လိုက်၏။
"ငါ့ လည်ပင်းပေါ်က တစ်ခုလည်း အရောင်မှိန်
သွားပြီ။"

ဆင်တူ သွားကိုက်ရာ အမှတ်အသား....

သူထိုအကြောင်းကိုနည်းနည်းတွေးကြည့်ခဲ့၏။
သူသည်ဆင်တူသွားကိုက်ရာတက်တူးထိုးမယ့်အကြောင်းကိုသေချာဆုံးဖြတ်ထားပြီးပေမယ့်
ကုဖေးကိုအမှန်တိုင်းထုတ်မပြောချင်သေး​ေပ။
ထိုကိစ္စကအနည်းငယ်ကလေးဆန်သည့်အပြင် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကဲ့
သို့အရမ်းရူးနှမ်းနေမှန်း သူကိုယ်တိုင်သိသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now