အပိုင်း(၄၇) ပျော်ရွှင်ခြင်းနှင့် နာကျင်ရခြင်း

Start from the beginning
                                    

"ပါးပါးရဲ့ ပေါက်စီလေးက အရမ်းချစ်ဖို့ ကောင်းတာပဲ"

"ချစ်ဖို့ကောင်းရင် သားကို နမ်း"

လွန်းငယ် ချစ်မြတ်နိုးစွာ ကလေးငယ် မျက်နှာအား စမ်း၍ နမ်းရှိုက်လိုက်သည်။

"စာလုပ်ရလို့ ပင်ပန်းနေတာတွေ ပျောက်သွားပြီ"

စကားတတ်လွန်းသော ထိုကလေးငယ်လေးအား လွန်းငယ် လွန်စွာ အသည်းယားချစ်ခင်ရလွန်းသည်။

"သုသု အင်္ကျီ အရင် သွားလဲဦး"

မောင်၏ အသံကြောင့် လွန်းငယ် ကလေးငယ်အား ပွေ့ဖက်ထားရာမှ လွှတ်ပေးလိုက်သည်။

"ဖေဖေက သားလို အနမ်းမခံရလို့ သဝန်တိုနေတာမလား"

လွန်းငယ် ပြောစရာစကားတို့ ပျောက်ရှသွားရသည်။ နေရခက်စွာ မျက်နှာပင်ပူလာရ၏။

"သုသု ဒီကလေးတော့"

ဂရုမစိုက်စွာ သူ့အား လျှာထုတ်ပြောင်ပြပြီး အခန်းဆီလှစ်ခနဲပြေးသွားသော သုသုအား မနိုင်စွာ ခွန်းသုရှင် လက်ပိုက်ကြည့်နေလိုက်ရသည်။

မတ်တပ်ပြန်ရပ်လာသော လွန်းငယ်ကြောင့် သူဂရုစိုက်၍ လက်အားပြန်တွဲလိုက်၏။

"ကြီးကြီးရော"

"စျေးဝယ်ထွက်သွားတယ်"

ခွန်းသုရှင် လွန်းငယ်အား ဂရုစိုက်တွဲကာ အခန်းဆီသို့ လျှောက်သွားလိုက်သည်။ ကုတင်နားရောက်သည်နှင့် ကုတင်ပေါ်ထိုင်စေလိုက်သည်။

"ဘာစားပြီးပြီလဲ"

"မောင်နဲ့ သုသု ပြန်အလာစောင့်နေတာ...မစားရသေးဘူး"

လွန်းငယ်ရှေ့တွင် သူထိုင်လိုက်ကာ လွန်းငယ်၏ လက်များအား ဆုပ်ကိုင်ထားလိုက်သည်။

"အိမ်မှာနေရတာ ပျင်းနေပြီလား"

လွန်းငယ်က သူ့အား ခေါင်းညိတ်ပြလာသည်။

"ဖုန်းလည်း ကိုင်လို့မရ...TVလည်း ကြည့်လို့မရတော့ တကယ် ပျင်းတာ"

"ကုမ္ပဏီကို လိုက်ခဲ့ချင်လား"

မောင်၏ အမေးကြောင့် လွန်းငယ် တွေဝေသွားရ၏။

စေရာ(Complete)Where stories live. Discover now