Episode - 42 (Z+U)

Start from the beginning
                                    

ထိုက်ကလည်းကားမောင်းနေတာမို့ ဘုန်းစစ်ကိုထိန်းရန်တကယ်ကိုအဆင်မပြေပေ ။

" ကိိုကိုတော်တော့လို့! "

ထိိုက်စိုးစံ အော်လိုက်တော့မှ မျက်ရည်တွေဝေ့သီတွေနဲ့မျက်ဝန်းနဲ့အတူ ဘုန်းစစ်က သူ့ကိုလှည့်ကြည့်လာသည်။

ထိုက် လည်းကားကိုတစ်နေရာရာမှာရပ်လိုက်သည်။ ညအချိန်ဖြစ်တာမို့ သူတို့ကားတစ်စီးမှလွှဲ၍ ခွေးတွေကြောင်တွေတောင်မမြင်ရပေ ။ ဘေးနားတွင် မြစ်ရေစီးဆင်းနေကာ လေပြည်တွေဟာလည်းတိုက်ခတ်နေခဲ့သည်။

ထိုက်စိုးစံ ဘုန်းစစ်ရဲ့မျက်ဝန်းကမျက်ရည်တွေကိုသုတ်ပေး၍ မျက်နှာကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်သည်။

" ကိုကို့အပြစ်မဟုတ်ဘူးနော် ။ အခုလည်းအားလုံးအဆင်ပြေနေတာပဲလေ ။ ပြီးခဲ့တာတွေကိုထားခဲ့လိုက်တော့ ။ ပစ္စုပ္ပန်ကိုပဲဂရုစိုက် "

" ဒါပေမယ့်..... "

ရုတ်တရက်ဆိုသလို နမ်းလိုက်တဲ့ ထိုက်စိုးစံကြောင့် ဘုန်းစစ်ဟန် ကြောင်အသွားသည်။

တစ်ဖြည်းဖြည်းနဲ့အားကုန်လာ၍ မျက်လုံးတို့ဟာမှိတ်ကျလာခဲ့သည်။ ထိုက်ရဲနှုတ်ခမ်းတွေဟာတကယ်ကိုချိူမြိန်လွန်းလှသည်။ ညီအစ်ကိုဆိုတဲ့စည်း ။ အဲ့စည်းကိုမဖောက်ဖျက်ချင်ဘဲ ဖောက်ဖျက်မိခဲ့သည် ။

ဟုတ်တယ်...ထိုက်...။ မင်းပြောခဲ့သလိုပဲ ။ အတိတ်တွေကိုမေ့ပစ်ပြီး ပစ္စုပ္ပန်မှာပဲ ငါ့ကိုယ်ငါစီး‌မျောခွင့်ပေးလိုက်တော့မယ်။

တစ်ဆင့်ထက်တစ်ဆင့်အနမ်းတို့ဟာပိုလာ၍ လည်ပင်းထက်သို့ဦးတည်လာခဲ့သည် ။ သင်းပျံ့ပျံ့ရနံ့လေးကြောင့် ထိုက်စိုးစံပြုံးလိုက်သေးသည်။

လွန်ခဲ့တဲ့ ၂ နာရီလောက်ကတည်းက ဘုန်းစစ်ရဲ့ကားကိုခြေရာခံ၍ လိုက်လာခဲ့သည်။ သို့ပေမယ့်ကားပိတ်နေတာမို့ အတော်နဲ့မရောက်နိုင်ဘဲဖြစ်နေလေသည်။

ခဏအကြာတွင် ဆိုင်တစ်ဆိုင်ထဲတွင် လူတစ်ယောက်နှင့်အတူတူထိုင်ကာ စကားပြောနေသော ကိုကို့ကိုတွေ့တာမို့ ကားရပ်၍ ချက်ချင်းဆိုသလိုကားပေါ်ကဆင်းကာ ကိုကို့ကိုဆွဲခေါ်ခဲ့ရသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now