Arc-1.4 သော်တာဇေ

1.3K 147 9
                                    

ထိုအချိန် သော်တာဇေတို့ ခြံဝင်းရှေ့ ကားသံကြားလို့ အိမ်တော်ထိန်းကြီး ထွက်ကြည့်ရာ သခင်လေး သူငယ်ချင်းမလေးဖြစ်နေလို့ ခြံထဲဝင်ခွင့်ပေးလိုက်ပြီး အသိပေးဖို့ သခင်လေးဆီ သွားလိုက်သည်။

အိမ်တော်ထိန်း-သခင်လေး သခင်လေးသူငယ်ချင်းမလေး ရောက်လာလို့ ခြံထဲဝင်ခွင့်ပေးလိုက်ပါတယ်။

သော်တာဇေ-သူမကို ဒီကို ခေါ်လာခဲ့ပေးပါ။

အိမ်တော်ထိန်း-"ကောင်းပါပြီ သခင်လေး"လို့ ပြောပြီး ထွက်သွားလိုက်သည်။

ဇေ မေမေ-သားလေး သူငယ်ချင်းက ဘယ်သူလဲ စံပယ်လေးလား

သော်တာဇေ-ဟုတ်တယ် မေမေ သူလဲ အပြင်ထွက်ဖို့ သားကို လာခေါ်တာထင်တယ်။

ဇေ မေမေ-အော် ဟုတ်ပါပြီ။စံပယ်လေးနဲ့ အတူသွားချင် သွားလိုက်လေ။မိန်းကလေးတစ်ယောက်ထဲ ဖြစ်နေမှာ စံပယ်လေးကိုလည်း အဖော်လိုက်သွားပေးရင်း မေ့သားလေးလည်း တစ်ယောက်ထဲ မသွားရတော့ဘူးပေါ့ နော့်?ယောက်ျား

ဇေ ဖေဖေ-အင်း ဟုတ်တယ် သားရေ မင်းမေမေ ပြောတာ ဖေဖေလည်း လက်ခံတယ်။

သော်တာဇေ-ဟုတ် သား စံပယ်နဲ့ တူတူသွားမှာပါ စိတ်မပူပါနဲ့နော်။

ထိုစဥ် စံပယ်ရောက်လာသည်။
စံပယ်-ဟဲ့ သော်တာ နင်တောင် မနက်စာစားနေပြီလား ငါဖြင့် နင်နဲ့အပြင်မှာ သွားစားဖို့ လာခေါ်တာကို ...အံမယ် နင်ကဘယ်သွားမို့တုန်း အဝတ်အစားတွေလဲ ထားတာ။

ဇေ-ငါ အဝတ်အစားသစ် ဝယ်ချင်တာတွေရှိလို့ နင်ရော shopping ထွက်မို့ ငါ့လာခေါ်တာမလားး။

စံပယ်-အေး ဟုတ်တယ်။ ငါလည်း ဝယ်စရာတွေရှိလို့ တစ်ယောက်ထဲမသွားချင်တာလည်း ပါတာပေါ့ဟာ ဟီး

ဇေ မေမေ-စံပယ်လေး ဒီမှာပဲ မနက်စာစားလိုက်တော့လေ ပြီးမှပဲ သူငယ်ချင်း နှစ်ယောက် shopping အတူထွက်ကြပေါ့ မကောင်းဘူးလား။

စံပယ်-ဟုတ် အန်တီ အဲ့ဒါကောင်းတယ်။ ဒါဆို စံပယ်ဒီမှာပဲ မနက်စာစားတော့မယ် အားနာမနေတော့ဘူးနော် ဟီး

ဇေ-သိပ်မငြင်းတတ်ရှာဘူး။ မိစံပယ် အလကားရတိုင်း သူများအိမ်လာစားနေတာ

For My Spirit PowerWhere stories live. Discover now