ခေါင်းပေါ်ရှိလက်များယုတ်သွားခိုက် ကျွန်တော်သည်လည်း ကိုခွန်းစစ်ရင်ခွင်ထဲသို့ ရောက်ရှိသွားလေသည် ။
ကိုခွန်းစစ်ရဲ့ ကိုယ်သင်းနံ့သင်းသင်းလေးကား ကျွန်တော့်ကို မိန်းမောစေသည် ။

" ဪ ဒါနဲ့ Morning kiss "

" အာ့တာ....အာ့တာက "

" ဘာလဲ မပေးချင်ဘူးလား "

ရင်ခွင်ထဲမှ ဆွဲထုတ်၍ ကလေးတစ်ယောက် မုန့်တောင်းသလို တောင်းလာသည် ။ မျက်မှောင်လေးကုပ်ပြီး အသနားခံနေတဲ့ပုံလေးက ချစ်စရာ ။ ကိုခွန်းစစ်က ဒီလိုလည်း လုပ်တတ်တာဘဲလား ။

ရှက်ရှက်ဖြင့် ဘာစကားမှ ထပ်မဆိုဘဲ နှုတ်ခမ်းတို့အား ထပ်တူကျစေရန် ခြေဖျားထောက်လိုက်သည် ။ သို့သော်
ကျွန်တော် အခုထိ မျက်နှာမသစ်ရသေး သွားလည်း မတိုက်ရသေးပေ။ဒီလောက် ညစ်ပတ်နေသည်ကို ။ အားနာသောကြောင့် နောက်သို့ တွန့်ဆုတ်မိသော်လည်း.......

ခေါင်းအားထိန်းကိုင်လာသော လက်တစ်ဖက် ။ ကျွန်တော့်နှုတ်ခမ်းတစ်စုံမှ နူးညံ့မှုအား ခံစားလိုက်ရသည် ။

" မရွံ့ဘူးလား သွားမတိုက်ရသေးဘူး "

" အာ ရွံတာ ညစ်ပတ်တဲ့ခွေးပေါက်လေး သစ်တော့ "

" ဟွင့် သူဘဲ လာနမ်းပြီးတော့ "

မကြားရုံ တိုးတိုးလေးပြောမိသည် ။ ရေချိုးခန်းထဲသို့ အခုမှ ဝင်ရတော့မည် ။
မျက်နှာထက် အပြုံးပန်းကြီးက ထိန်းမရ ။

ကိုခွန်းစစ်ဆိုသော လူသားကား ကျွန်တော့်ကို ရင်ခုန်ခြင်းများပေးပြီး ထွက်ခွာသွားလေပြီ ။
ကျွန်တော်သည်သာ ဂယောက်ဂယက်ဖြစ်နေသော ရင်ခုန်သံများနှင့် ကျန်ခဲ့ရသည် ။

ကိုခွန်းစစ်ကားသံကြားသည်နှင့် အဝတ်အစားလဲကာ အပြင်ထွက်ရန် ပြင်ရသည် ။ လိုအပ်သည်များ ဝယ်ရမည်လေ ။ ရှပ်အကျီလက်ရှည်အနက် နှင့် ဂျင်းဘောင်းဘီအနက်အား ဝတ်ဆင်လိုက်သည် ။
Mask အနက် နဲ့ ဦးထုပ်အနက်ပါ ဆောင်းလိုက်သောအခါ နဂိုကတည်းက လူကောင်သေးသောကြောင့် အဝတ်ပုံလိုလို ဖြစ်သွားသည် ။

ကိုခွန်းစစ်တောင် မှတ်မိမှာ မဟုတ်ဘူး ။ မှန်ထဲရှိ ကိုယ့်ပုံကိုယ် ကြည့်၍အကျေနပ်ကြီး ကျေနပ်နေမိသည် ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now