"ဟီး..ဟီး....!!အဟင့်...ဟင့်...."

ကလေးငိုသံတစ်သံက သူ့နားထဲ ဝင်လာသည်။အသံကြားရာ ဘက်ကိုကြည့်လိုက်တော့ သစ်သားခုံတန်းလေးပေါ်တွင် ရှိုက်ကြီးတငင်ငိုနေသည့် ကလေးမလေးတစ်ယောက်။ထိုကလေးရှေ့မှာ ဒူးတုပ်ထိုင်ချပြီး ချော့မောနေပုံရသည့် လူတစ်ဦး။ဘေးတစ်စောင်း မြင်နေရသော မျက်နှာက ဆော့ဂျင်နှင့် အကျွမ်းတဝင်ရှိလွန်းသည်။ဆံပင်ပုံစံကြောင့်ရော၊မလှမ်းမကမ်းမှာ ရပ်ထားတဲ့ဆိုင်ကယ်ကြောင့်ပါ ဘယ်သူဘယ်ဝါမှန်း ဆော့ဂျင်သိလိုက်သည်။

"တောက်!!အမှိုက်ကောင်၊ဘယ်သွားသွား ဒင်းနဲ့ကို မလွတ်ဘူး"

"ဦးဦးဂျင်!. ....အဟင့်...ဟင့်..."

နောက်ကြောင်းပြန်လှည့်တော့မည့် ဆော့ဂျင်ခြေလှမ်းတွေ ရပ်တန့်သွားသည်။သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြန်လှည့်တော့ ကလေးမလေးက သူ့ဆီအတင်းပြေးလာသည်။

"ဦးဦး...ဟီး..ဟီး"

"ကလေး..ဘာဖြစ်လို့လဲ"

"သမီးကို ကိုကိုကုက ဆူတယ်"

နောက်မှာ ကျန်ခဲ့သည့် ဂျောင်ကုကို လက်ညှိုးထိုးပြရင်း တိုင်ပြော ပြောသည်။ဆော့ဂျင်ကို မြင်တော့ အတော်မျက်နှာပျက်သွားကာ ထိုင်ရမလို ထရမလိုနဲ့ ကောင်လေးက အနေခက်နေပုံရသည်။

"မငိုပါနဲ့... ကလေးရယ်၊သူက လူဆိုးကောင်"

"ဟီး....ဟီး..."

"မငိုနဲ့တော့နော်၊ကလေးတို့အတွက် ဦးက မုန့်တွေအများကြီး ယူလာတာ၊ဂေဟာထဲမှာ သွားစားလိုက်ပါဦး"

"တကယ်လား ဦးဦး"

"ဟုတ်တာပေါ့ ကလေးရဲ့"

မျက်ရည်တွေစိုနေသည့် ပါးနှစ်ဖက်ကို ဖွဖွသုတ်ပေးရင်း ခေါင်းကလေးကို ပွတ်သပ်ချော့မြူလိုက်တော့မှ အငိုတိတ်သွားသည်။ထို့နောက် ဂေဟာဘက်ကို ခုန်ပေါက်ကာ ပြေးထွက်သွားတော့မှ ဆော့ဂျင်သက်ပြင်းချနိုင်သည်။ဒီအရွယ်ကလေးတွေက ဒီလိုချော့မြူပြောလျှင် လိုချင်တဲ့အတိုင်းပုံသွင်းလို့ရသည်။

"အစ်ကို...ဒီကို ဘယ်လိုရောက်လာတာလဲ "

မရဲတရဲ့ကြည့်ပြီး မေးလာတဲ့ကောင်လေး။

BEFORE I GO || JINKOOK ✓Where stories live. Discover now