Chapter (25)♥💚Zawgyi

Începe de la început
                                    

Dr တို့ရဲ့စိုးရိမ်တကြီးရေရွတ်သံတွေကို ကျော်ကာလွှားကာနဲ့ ရှိုက်သံစွက်သော Kid အသံက သူ့နားစည်ထဲသို့ ကျယ်လောင်စွာပင် တိုးဝင်လို့လာတယ်..။ တစ်ကိုယ်လုံး နာကျင်နေသော်လည်း..တတ်နိုင်သမျှသူနားစွင့်နေမိတယ်..။

" ကျန့်ကော...ကို Kid က ချစ်တယ်နော်..ဒါကြောင့်မသေပါနဲ့.."

"နေ့တိုင်းချစ်တယ်လို့ ပြောပါ့မယ်..၊ နေ့တိုင်း ကျန့်ကောလို့ခေါ်ပါ့မယ်..ခင်ဗျားကို အနိုင်မကျင့်တော့ပါဘူး..ကျေးဇူးပြုပြီး အသက်ပဲရှင်ပေးပါ.."

အသိအာရုံတို့က ဝေဝါးနေသော်လည်း အကြားအာရုံတို့က တတ်ကြွစွာပင် ထိုစကားစုအား နှလုံးသားထဲပို့ဆောင်ပေးခဲ့သည်..။ ဒုတိယအကြိမ် Operation ဝင်ပြီးတယ့်နောက်မှာ သူနေကောင်းလာခဲ့တယ်..။

ထိုအချိန်မှစပြီး ဝမ်ရိပေါ်က နေ့နေ့ညညသူ့ဘေးတွင် တောက်တဲ့လိုကပ်တော့သည်..။ UK ကို တစ်ပတ်လောက် မပြောမဆိုထွက်သွားလိုက်မိပါတယ်..ခုလိုဗြောင်းသတ်နေတာကိုပဲကြည့်တော့..။

"အင့်.."

လွန့်လူးရင်း လက်နှစ်ဖက်ကိုအကြောဆန့်ကာ သူ့ကိုပြူးကြည့်လာပြီး..

"ကျန့်ကော..နိုးနေတာကြာပြီလား..? "

"မကြာသေးဘူး Kid ထက် တစ်မိနစ်လောက်ပဲ စောနိုးနေတာ.."

ရိပေါ် က နှာခေါင်းရှုံ့ရင်း..

"လိမ်တယ်.."

ရှောင်းကျန့်က တစ်ဝါးဝါးအော်ရယ်ကာ..ရိပေါ်နှာခေါင်းလုံးလုံးလေးကို ဆွဲလိမ်ပစ်လိုက်သည်..။ ပြီးနောက် ရင်ညွှန့်ထိ ခြုံထားသော စောင်ကို ခေါင်းမြှီးခြုံလိုက်ရင်း..

"တစ်ပတ်လုံး လွမ်းနေတာ ကိုယ့်ကိုဘာ့မှမကျွေးတော့ဘူးလား? "

" စားရတယ့်လူက ပိုငတ်တယ်ဆိုတာ သိပ်မှန်တာပဲ မကျွေးဘူး..သွား "

"Kid ကလဲကွာ.."

"ဟွန့်.."

ဂွမ်းစောင်ကြီးကြီးအောက်တွင် လူနှစ်ယောက်က လုံးထွေးနေကြပြီး မကြာခင်မှာ ကုတင်အောက်သို့ အဝတ်မိုးတွေရွာသွန်းလျက်ရှိသည်..။ကောင်းကင်ပေါ်က အဝတ်တွေပြုတ်ကျလာတာ မဟုတ်ဘူး ၊ ကုတင်ပေါ်က ဟိုတစ်စု ဒီတစ်စု အဝတ်တွေပြုတ်ကျလာတာ..

သခင်...🔥[[ COMPLETED ]]✔Unde poveștirile trăiesc. Descoperă acum