Chapter (24) Zawgyi

Start from the beginning
                                    

လှိုင်းတံပိုးများနှင့် ငွေလှိုင်းကြက်ခွပ်များက နေရောင်အောက်တွင် တစ်ဖျတ်ဖျတ်လွန့်လူးနေတာမို့ ထိုလူရွယ်က မျက်စိကျိန်းလာပုံနှင့် မျက်လုံးတွေကို မှိတ်ချလိုက်တယ်..။

ပြီးနောက် ဘော်ငွေရောင်ဆံပင်ပေါ်တွင် ပင့်တင်ထားသော နေကာမျက်မှန်ကြီးကို ဆွဲချပြီးနောက် ပြောင်လက်လက်ရှူးဖိနပ်နှင့် ခြေအိတ်ကိုချွတ်ကာ ရေထဲသို့ တစ်လှမ်းချင်းပင် ဆင်းသွားတော့တယ်..။

ပင်လယ်လှိုင်းများက Ray ဒူးခေါင်းနားထိ ဝေ့ကာဝိုကျကာနဲ့ ရိုက်ခတ်လို့လာတယ်..။ နက်စွေနေသော အဝတ်အစားကြောင့်ပဲလား..? နုမွတ်သော အသားအရေကြောင့်ပဲလားမသိ.. ထို့သူ့အသားအရေးဟာ နေရောင်ထိတာနဲ့ နီစပ်စပ်ဖြစ်လို့လာသည်..။

(Sweet pea)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Sweet pea)

လက်ထဲက Sweet pea ပန်းစည်းလေးကို ပင်လယ်ထဲမျောရင်း သူရေရွတ်လိုက်မိတယ်..။ ပန်းက လှပေမယ့် ပန်းရဲ့အဓိပ္ပါယ်ကတော့ နှုတ်ဆတ်ခြင်းလို့ အဓိပ္ပါယ်ရတယ်တဲ့..၊ မင်းသိလား Light (3) နှစ်ကြာပြီးတယ့်နောက်မှာ ငါ မင်းကိုခုလို တရားဝင် နှုတ်ဆတ်နိုင်ခဲ့ပြီ..။ Light ရဲ့ Yeti ဆိုတယ့်ဘဝ ကို ငါ လွှတ်ချနိုင်ခဲ့ပြီ..။

"Good bye Light!.."

ပေါက်ကနဲ ကြွေသွားသော မျက်ရည်တစ်စက်က ဆားငန်ရည်တို့နှင့် ရောယှက်သွားလိမ့်မည်..။ ဒါကမင်းအတွက် ငါ့ရဲ့နောက်ဆုံးမျက်ရည်စက်ပါပဲ..

ပြီးနောက် ရင်ဘတ်ထဲတွင် တယုတယထည့်သိမ်းယူလာသော Smeraldo ပန်းခတ်လေးကိုဆွဲထုတ်ကာ ခပ်ဖွဖွနမ်းရှိုက်လိုက်တယ်..။

။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now