အခန်း ၂၁ (Z + U)

En başından başla
                                    

"သည်လို အလုပ်ကြိုးစားတဲ့ အရာရှိကို ဆုချရဦးမလား။"

"အရှင့်သား ခဏ ခဏ ဆုပေးနေတော့ ကျွန်တော်မျိုးက များများကြိုးစားရတာပေါ့။"

သုန္ဓက သဘောကျကာ ရယ်သည်။ 

"ဆုများများလိုချင်လို့လား?"

စောယွန်းမျက်နှာက အနည်းငယ် ရဲသွားကာ
ပြန်​ဖြေသည်။ 

"အရှင့်သားပေးရင်တော့ လိုချင်တာပေါ့!"

"ဒါဆို ကိုယ်တော်က အလုပ်ကြိုးစားမှုအပေါ် မူတည်ပြီး ဆုကိုလည်း  ကောင်းကောင်းပေးရမှာပေါ့ "

"ကျေးဇူးကြီးမားလှကြောင်းပါ ဘုရား။"

သုန္ဓက အသံထွက်သည်အထိ ရယ်မောလိုက်သည်။ 

"တခြားသူတွေက ပြောရင်တော့ သာမန်၊ပုံမှန်ပါပဲ။ ဒါပေမယ့် ပီအိုက် ကြည့်ရတာ ပုံမှန်ဟုတ်ပုံ
မရဘူး။"

စောယွန်းက မျက်စောင်းထိုးသည်။ 

"ရယ်နေလိုက်။ "

"စိတ်ဆိုးသွားသလား?"

"မဆိုးဝံ့ပါဘူး။ "

"အပစ်ပေးမှာနော် ကိုယ်တော်က"

"ကြောက်ပါတယ် ကြောက်ပါတယ်။ "

သုန္ဓက ရယ်ပြန်သည်။

"မပေးရက်ပါဘူး။ ပီအိုက်ကို စိတ်ချမ်းသာအောင်ထားမယ်လေ။ ပီအိုက်စိတ်ချမ်းသာရင် အင်းဝတစ်ပြည်လုံးအေးချမ်းတာပ။"

စောယွန်းက မျက်လုံးအဝိုင်းသားနှင့် လက်သီးဆုပ်ပြသည်။

"အဲဒါ ဘာကိုဆိုလိုတာလဲရောသိရဲ့လား ၁၈ နှစ်သားလေး!?"

သုန္ဓက အနည်းငယ် မျက်မှောင်ကြုတ်ကာ ရိုးသားစွာဖြေသည်။

"ပီအိုက် စိတ်ချမ်းသာမှ တခြားလူတွေလည်း စိတ်ချမ်းသာမယ်ဆိုတဲ့ သဘောလေ။"

စောယွန်းထံတွင် စကားလုံးများပျောက်ဆုံးသွားသည်။ သို့သော် သုန္ဓက အငြိမ်မနေ၊ အတိုင်ပင်ခံကို ကလိထိုးကြည့်သည်။ သို့သော် စောယွန်းက မယားတတ်သဖြင့် သုန္ဓကို မျက်နှာသေနှင့် ကြည့်သည်။

"ဒါ ဘာလုပ်တာပါလဲ အရှင့်သား?"

သုန္ဓက လက်များကို ပြန်ရုတ်လိုက်သည်။ သို့သော် စောယွန်းက တန်ပြန်တိုက်စစ်ဆင်ပြီး ကလိပြန်ထိုးသည်။ သည်တစ်ခါ ခံရသူကား သုန္ဓပင်။ သုန္ဓက တွန့်လိမ်လူးလှိမ့်နေလျက် မျက်ရည်များထွက်သည်အထိ ရယ်နေသည်။ စောယွန်းက မရပ်။

ဟေမန္တအလွန်Hikayelerin yaşadığı yer. Şimdi keşfedin