‌အရာရာကို ခွင့်လွှတ်နိုင်ပေမယ့် သည်းခံနိုင်ပေမယ့် ဘယ်ကမှန်းမသိတဲ့ ဘယ်သူမှန်းမသိတဲ့ ကောင်နဲ့ပြောနေသည်ကိုတော့ ထပ်သည်းမခံနိုင်တော့

အပေါ်ပိုင်းက လစ်ဟာပြီးသား ဖြစ်နေပြီ ဖြစ်သည် ။
ကိုယ်ပေါ်တွင် ကပ်ကျန်နေသော အဝတ်များကို အရူးတစ်ပိုင်း ချွတ်နေသောကောင်လေးတစ်ယောက်.....
ထိုကောင်လေးအား ကြောင်အမ်းစွာ ငေးကြည့်နေသော လူတစ်ယောက်.....

" ဖြိုးလေး ကိုယ်မှားသွားတယ် တောင်းပန်ပါတယ် ဆက်မလုပ်ပါနဲ့တော့ ‌ကိုယ်တောင်းပန်တယ် ရပ်လိုက်ပါတော့ "

" ကိုခွန်းစစ်ဘဲ ယူချင်တယ်ဆို ရတယ် ယူလေဗျာ ဘယ်ကမှန်းမသိတဲ့ကောင်နဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောနဲ့ ခင်ဗျားဖြစ်ချင်တာ ဒီလိုမလား ဟမ် "

ကြောင်အမ်းနေသော သူ၏နှုတ်ခမ်းထက် ရောက်ရှိလာတဲ့ နှုတ်ခမ်းဖူး....
နူးညံ့မှုအောက် ခေတ္တမျှ နစ်မြောသွားခဲ့သည် ။
သို့သော် သူအခုလို လုပ်၍ ဖြစ်ပါမည်လား
သူ့လူသားလေး၏ဘဝ သူ့ကြောင့်နစ်မွန်း၍ ဖြစ်ပါမည်လား ။

" ဖြိုးလေး တော်ပြီ ကိုယ်မှားသွားတယ်လို့ တောင်းပန်နေတယ်လေ တော်တော့ ကလေး "

လက်လေးနှစိဖက်ကို အတင်းချုပ်ပြီး အော်မိတော့
ဝမ်းနည်းစွာ ငိုကြွေးလာခဲ့သည် ။
ကျွန်တော့်ရင်ဘတ်ကလည်း အဆင်သင့်
သူလေးနားခိုရာ နန်းဆောင်လေ ။

ရင်ဘတ်ထဲတွင် တသိမ့်သိမ့်ငိုရှိုက်နေသော အကောင်ပေါက်လေး
ငိုနေရင်းမှ ခေါင်းထောင်လာကာ ကျွန်တော့်ရင်ဘတ်အား ခပ်ဖွဖွထုနေသည် ။ စိတ်ဆိုးတော့ ပြေသွားပြီ ထင်တယ် ။

" အာ့ နာတယ်လေ ဖြိုးလေးကလည်း "

" လူဆိုးကြီး သူကျ နာတတ်တယ် သူများကိုကျ နာကျင်အောင် အမြဲလုပ်တယ် ကိုခွန်းစစ် မကောင်းဘူးဗျာ "

ရင်ခွင်ထဲတွင် ချွဲနေသောအကောင်ပေါက်လေးအား ကြည့်ကာ ဆုံးရှုံးမခံချင်သောစိတ်များက ပို၍ပင် ကြီးစိုးလာသည် ။
နှုတ်ခမ်းလေးတထော်ထော်နဲ့ ရင်ဘတ်ကို ထုတာ ငိုနေတဲ့ ပုံစံလေးက အူယားစရာလေး
ကျွန်တော့်ကြောင့် ငိုရတာ များသွားပြီထင်သည် ။
နှာခေါင်းဖျားလေးပင် နီလာသည် ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now