အခန်း ၂၀ (Z + U)

Start from the beginning
                                    

"သခင်လေးစောယွန်း ပြန်လာပြီ။"

"သားလေးရယ် ပျောက်သွားလို့ အမေတို့မှာ စိတ်ပူလိုက်ရတာဆိုတာ။"

ထိုအမျိုးသမီးက စောယွန်းဆိုသည့် ထိုအဖြူလုံးကို ဖက်ကာ ငိုရင်းပြောသည်။ ဟန်စစ်မင်းက
သူတို့သားအမိကို မတုန်မလှုပ် ရပ်ကြည့်နေဆဲပင်။ ထိုအခါမှ ထိုအမျိုးသမီးက ရပ်နေသည့် ဟန်စစ်မင်းကို သတိထားမိသွားသည်။

"သားလေးကို အိမ်ပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်ကွယ် ။"

"ရပါတယ် အဒေါ် ၊ ညီငယ်က စျေးထဲမှာ
လမ်းပျောက်ပြီး ငိုနေတာ တွေ့လို့ ကျွန်တော် လိုက်ပို့ပေးတာပါ။"

"ကျေးဇူးပါကွယ် ။"

"ကျွန်တော့်ကို ခွင့်ပြုပါဦး။"

"သားလေး နာမည် ဘယ်လိုခေါ်သလဲ?"

ထိုအမျိုးသမီးက လှည့်ထွက်ရန် ခြေလှမ်းပြင်နေသည့်ဟန်စစ်မင်းကို လှမ်းမေးသည်။

"ဟန်စစ်မင်းပါ အဒေါ် ။"

ဟန်စစ်မင်းက အဖိုးအဖွားနှင့်သာ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး မိဘနှစ်ပါးက မည်သူမည်ဝါမှန်း သူမသိပေ။ မေးလည်း မမေးဖူးသလို မည်သူကမှလည်း သူ့ကို မပြောပြပေ။ ဟန်စစ်မင်းတို့ကား သာမန်မိသားစုတစ်ခုသာ ဖြစ်သည်။

ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် ရက်အနည်းငယ်ခန့်အကြာ ဟန်စစ်မင်းက ခြံထဲရှိ ရေစည်ထဲသို့ ရေဖြည့်နေချိန်ဖြစ်သည်။ ခြံထဲသို့ ထိုနေ့က ကလေးလေး၏ အမေဖြစ်သည့် အမျိုးသမီးက ဝင်လာသည်။ သူမ၏ မျက်နှာက အားနာနေဟန်ရှိပြီး အတတ်နိုင်ဆုံး ပြုံးကာ ဟန်စစ်မင်းကို စကားဆိုသည်။

"သားလေး အဒေါ့်ကို မှတ်မိတယ်မဟုတ်လား?"

"ဟုတ်ကဲ့ ကျွန်တော်မှတ်မိပါတယ်။"

"အဒေါ် အကူအညီလေးတောင်းစရာရှိလို့ပါ။ လူကြီးတွေရှိကြလား ? အဒေါ် လူကြီးတွေနဲ့ စကားပြောချင်လို့ပါ ။"

ထို့နောက် အခန်းအတွင်း ထိုအမျိုးသမီးနှင့် ယဟန်စစ်မင်း၏ အဖိုးအဖွားဖြစ်သူတို့ စကားပြောခဲ့ကြသည်။ ဟန်စစ်မင်းကမူ အပြင်မှာသာစောင့်နေရပြီး ဘာအကြောင်းကိစ္စမှန်းမသိခဲ့ချေ။

ဟေမန္တအလွန်Where stories live. Discover now