Episode - 35 (Z+U)

Start from the beginning
                                    

ထင်းချောင်းလေးတွေကိုခုံပေါ်တွင် လေးထောင့်ပုံစံ လုပ်ထားသည်။ ထိူ့နောက် ပိတ်စကို ထင်းချောင်းတွေအပေါ်သို့တင်ကာ ပိတ်စအပေါ်တွင် ပလပ်စတစ်ကိုတင်လိုက်သည်။
နေရာချတာအဆင်ပြေပြီလားဟု စစ်၍ ဗူးအလတ်ထဲမှ ပင်လယ်စာနဲ့ငရုတ်သီးအနှစ်တွေကိုလောင်းချလိုက်သည်။

ထို့နောက် လက်အိတ်စွပ်ကာ စားနေသော ခွန်းဆက်အိမ် ကို ဘုန်းစစ်ဟန် တကယ်ပင်အံ့သြနေသညိ။ သူမြည်းကြည့်တာတောင် စပ်နေသော အစပ်တွေကိုစားနေသော ခွန်းဆက်အိမ် ကိုဘီလူးများစီးလိုက်သလားဟုတောင်ထင်မိသည်။

အရင်ကအစပ်မစားဘူးမဟုတ်လား?
မနေနိုင်တော့တာမို့ ပြောလိုက်သည်။

" မင်းစားနေတာက ဘယ်လိုကြီးလဲပန်းကန်နဲ့လည်းမဟုတ်ဘူး ဗူးပေးလိုက်တာပဲ ဗူးနဲ့စားပါလားဟ "

" မတူဘူးလေ အကိုရဲ့ ဒီဟာက ဒီလိုစားရတာမို့ အဲ့လိုစားမှအရသာရှိတာ "

" အရင်ကအစပ်မစားဘူးလေ မင်းက "

" အဲ့တာအရင်ကလေ အခုအရင်က ခွန်းဆက်အိမ် မဟုတ်တော့ဘူးဆို "

ပလုတ်ပလောင်းဖြင့်ပြောနေသော ခွန်းဆက်အိမ် ကိုကြည့်၍ ဘုန်းစစ်ဟန် သက်ပြင်းချမိသည်။ ဘယ်လိုတောင်လဲ ။ သူလုပ်တာနဲ့ သူတွေးနေတဲ့ ထိုက်စိုးစံ နဲ့ ပိုင်သူအကြောင်းတောင်ပျောက်ရှခဲ့လေပြီ ။

..................................။

"Boss ဘာဖြစ်နေတာလဲ "

နေစစ်ကို သူ့ရှေ့တွင် မျက်မှောင်ကြုံ၍ စဉ်းစားခန်းဖွင့်နေသော မာန့်ကိုမေးလိုက်သည်။

" အာ....ဒီလိုပါပဲ ၊ ဒါနဲ့ အခုငါbar သွားတော့မယ် စိတ်ညစ်နေလို့ မင်းအကုန်အဆင်ပြေသလိုသာစီစဉ်ထားလိုက် "

"Yes boss "

အခုဆို ခွန်း အိမ်ကထွက်သွားပြီးကတည်းက သူbar သွားတာ ပထမဆုံးအကြိမ်ဖြစ်သည်။

...............................။

မီးရောင်စုံထိန်လင်းကာ ဆူညံနေသော နေရာတစ်ခု ။
မြင်ကွင်းသည် စိတ်ပျက်စရာကောင်းလှသော်လည်း သူ့အတွက်တော့ အပန်းဖြေစရာပင်ဖြစ်သည်။ လာချပေးသော အရက်ပုလင်းတွေကိုယူ၍ အကုန်မော့ချ၍ သောက်နေသော မာန် ဟာ အချိန်ကြာလာတာနဲ့အမျှ အနည်းငယ် မူးလာလေသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now