ထူးအောင်ကပြောတယ်။ ထတော့ သူဗိုက်ဆာနေပြီတဲ့။ အဲ့တာနဲ့ကျွန်တော်ထလိုက်တယ်။ နှစ်ယောက်လုံးက ညစ်ပတ်နေတာမို့ သန့်ရှင်းရေးလုပ်ဖို့လိုတယ်။ ထူးအောင်က အရမ်းနာနေတာမို့ လှုပ်ရှားဖို့အဆင်ပြေမှာ မဟုတ်ဘူး။ အဲ့တာကြောင့် ကျွန်တော်ကပဲ ပွေ့ချီပြီး ရေချိုး၊ အဝတ်စားလဲပေးလိုက်တယ်။ ထူးအောင်က အတော်နာနေရှာတာ။ ကျွန်တော်ပွေ့ချီတာတောင် မျက်နှာလေးက ရှုံ့မဲ့လို့။ ရေနဲ့ထိတော့လည်း စပ်ဖျင်းဖျင်းတဲ့။ သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ။ နောက်တစ်ခါမလုပ်တော့ပါဘူးကွာ။

ကျွန်တော်ရေချိုးပြီးတော့ ထူးအောင်ကို ဆေးလိမ်းပေးလိုက်တယ်။ သူ မထိုင်နိုင်ရှာဘူး။ အိပ်ရာထဲမှာ ဘေးတစောင်းလေး လှဲလို့။ မနက်စာဘာစားချင်လဲဆိုတော့ သူဝမ်းချုပ်ဖို့လိုတာမို့ အုန်းကောင်ညုင်းပေါင်းစားမယ်တဲ့။ ငချိတ်မဟုတ်ဘူး အဖြူရောင်တဲ့။ မရ,ရအောင်ရှာဝယ်ပေး။ ဝယ်မရရင် အိမ်မှာပေါင်းပေးတဲ့။ ကျွန်တော်သူ့အနားက မခွာချင်တာမို့ အိမ်မှာပဲပေါင်းခိုင်းလိုက်တယ်။ ပြီးတာနဲ့ သူ့ကိုကျွေး၊ ဆေးတွေဘာတွေတိုက်လိုက်တယ်။

ဒီနေ့တော့ ကျောင်းမသွားတော့ဘူးဆိုပြီး ဆုံးဖြတ်ထားပေမယ့် ထူးအောင်ကဇွတ်သွားခိုင်းနေတယ်။ မင်းနေလို့မကောင်းဘူးလေ ငါဘယ်လိုလုပ်စိတ်ဖြောင့်ဖြောင့်နဲ့ သွားနိုင်မှာလဲဆိုတော့ ကျောင်းမသွားရင် ငါ့ကိုစကားလာမပြောနဲ့တဲ့။ တကယ်ပါပဲ။

-----***-----

ထူးအောင်စိတ်ဆိုးမှာ စိုးလို့သာကျောင်းသွားနေရတာ စိတ်ကဘယ်လိုမှ မပါဘူး။ ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိတာနဲ့ ကျောင်းလိုက်ပို့တဲ့ ကိုဇော်ဇော်ကိုပဲ ထူးအောင်ဆီ သွားခိုင်းလိုက်ရတယ်။ ကိုဇော်ဇော်က ရယ်ပြီး ငါတို့မောင်ထူးတစ်ယောက်ကတော့ ပိုကိုပိုတယ်တဲ့။ ကိုဇော်ဇော်က ချစ်မှမချစ်ဖူးဘဲလေ ဒီလိုခံစားချက်တွေ ဘယ်လိုလုပ်နားလည်မှာတုန်းလို့ ကျွန်တော်ပြောတော့ ငါအချစ်ရှာဖို့ရော အချိန်ရှိခဲ့လို့လားတဲ့ ပြန်ပြောတယ်။ အဲ့တာလည်းဟုတ်တယ်။ ကိုဇော်ဇော်က ကျွန်တော့်အနားမှာပဲ တစ်ချိန်လုံးနေနေရတာဆိုတော့ ရည်းစားထားဖို့ အချိန်က မရှိခဲ့ဘူး။ ကိုဇော်ဇော် ကြိုက်တဲ့ကောင်မလေးမရှိဘူးလား။ ရည်းစားလေးဘာလေးထားကြည့်ပါလားလို့ ကျွန်တော်ပြောတော့ မင်းတစ်ယောက်နဲ့တင် အပူတွေဒီလောက်များနေရတာကို ထပ်ပြီးအပူမရှာချင်တော့ပါဘူးတဲ့။ ကိုဇော်ဇော်က ဘယ်လိုမှရည်းစားထားခိုင်းလို့ မရဘူး။ ကျောင်းရောက်တော့ ပြန်မယ်ဆိုဖုန်းလှမ်းဆက်လိုက်နော်လို့မှာပြီး ကိုဇော်ဇော်ကပြန်သွားတယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now