အပိုင်း(၄၃)အတိတ်နေ့ရက်များဆီသို့

Start from the beginning
                                    

လွန်းငယ် မျက်ခုံးတို့ထိစပ်ခါနီးထိ မျက်မှောင်ကြုံ့လိုက်မိသည်။

"မင်းက အဲဒီအကြောင်းတွေ သိတယ်လား"

"အင်း နင်ပေါ်မလာခင်က ကို ငါ့ကိုအကုန်ပြောပြခဲ့ဖူးတယ်"

လွန်းငယ် မကျေမနပ်ဖြစ်ကာ စိတ်တိုင်းမကျဖြစ်သွားရသည်။ သူ မသိသောအကြောင်းအရာတို့အား ကြယ်လွှဲမိုးက သိနေသည်လေ။

"နင် ငါ့ကို ပြောမှာဆို အခုပြော...အချိန်မဆွဲနဲ့"

လွန်းငယ် သူသိချင်သော အကြောင်းအရာများဖြစ်သောကြောင့် အမြန်ပြောခိုင်းလိုက်သည်။

"ကို့မှာ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသော ညီမလေးတစ်ယောက်ရှိတယ်....နာမည်က ယွန်းသက်လွှာတဲ့...ချစ်စနိုးနဲ့ ယွန်းလေးလို့လည်း ခေါ်ကြတယ်...မောင်နှမ နှစ်ယောက်တည်းရှိတဲ့ဘဝမှာ ယွန်းလေးက ကို တန်ဖိုးအထားရဆုံးညီမငယ်လေးပဲ...တနေ့ အဲဒီကောင်မလေးမှာ လူငယ်သဘာဝ တဖက်သတ်ချစ်ရသူတစ်ယောက်ရှိလာခဲ့တယ်...သူ(မ) ချစ်တဲ့ကောင်လေးက သူ(မ)ကို သတိမထားမိတော့ သတိထားမိအောင် အဲကောင်လေးနောက်က တကောက်ကောက်လိုက်တာပေါ့..."

***************************

ယွန်းသက်လွှာ သင်တန်းရှေ့ တိုင်တစ်ခုအကွယ်မှ လွန်းထားစေသင်တန်းလာမည့်အချိန်အား စောင့်နေလိုက်သည်။

တခဏအကြာ သူ(မ)စောင့်မျှော်နေသောကား သင်တန်းရှေ့တွင် ရပ်သွားသည်။ ကားပေါ်မှ ဟူဒီအဖြူရောင်နှင့် ဂျင်းဘောင်းဘီအပြာလေးအား ဝတ်ဆင်ထားသော လွန်းထားစေ ဆင်းလာလေသည်။ ဖြူဖွေးသော အသားအရေနှင့် အညိုရောင်ဆံပင်လေးများက လွန်စွာ လိုက်ဖက်ကာချစ်စရာကောင်းလွန်းနေသည်။

တစ်ဖက်ကားတံခါးမှ နက်ပြာရောင် အနောက်တိုင်းဝတ်စုံပြည့် ဝတ်ဆင်ထားသူတစ်ယောက်ဆင်းလာကာ လွန်းထားစေနှင့် ပြုံးရွှင်စွာ စကားတို့ပြောနေ၏။ ယွန်းလေး မျက်နှာမဲ့လိုက်မိသည်။ သူ(မ)လည်း ဘယ်အချိန်မှ လွန်းထားစေနှင့် ထိုကဲ့သို့ ပျော်ရွှင်စွာ စကားပြောနိုင်မလဲ မသိ။ အခုချိန်ထိတော့ သူ(မ)အား သတိထားမိပုံပင်မရပေ။

စကား​ပြောပြီးသွားသော လွန်းထားစေက သင်တန်းအဆောက်အဦးထဲသို့ လျှောက်သွားသောကြောင့် ယွန်းလေးအနောက်မှ လိုက်ဝင်ရန် ပြင်လိုက်သည်။ သို့သော် သူ(မ)ဖုန်းမှ ဖုန်းringtoneသံထွက်ပေါ်လာသောကြောင့် ဖုန်းscreenမှ ခေါ်ဆိုသူအား ကြည့်လိုက်သည်။ ဖုန်းနံပါတ်စိမ်းဖြစ်၍ ကိုင်ရ၊မကိုင်ရ ချီတုံချတုံဖြစ်ပြီးနောက် ဖုန်းကိုင်လိုက်၏။

စေရာ(Complete)Where stories live. Discover now