ကျွန်တော်တစ်ယောက်တည်းနေချင်တာမို့ ရွာကိုတစ်ယောက်တည်းပြန်ခဲ့တယ်။ cctv မှတ်တမ်းတွေ တွေ့ခဲ့တာကို မောင်ထူးမသိဘူး။ သူသိရင် ကျွန်တော့်ကိုတစ်ယောက်တည်း လွှတ်မှာမဟုတ်ဘူးလေ။ အဲ့တာကြောင့် ကျွန်တော်သူ့ကို ပြောမပြဘူး။

မောင်ထူးကျွန်တော့်ဆီ ဖုန်းတွေဆက်တော့ စိတ်ရှုပ်နေတာရော၊ အလုပ်ရှုပ်နေတာရောပေါင်းပြီး စိတ်မကြည်တာမို့ သူ့ကိုအော်ခဲ့မိတယ်။ အဲ့နေ့ကစပြီး သူနဲ့ကျွန်တော် အဆက်သွယ်ပြတ်ခဲ့တယ်။

အကျင့်ဆိုတာပြင်ရခက်တယ်တဲ့။ အမြဲတမ်း မောင်ထူးလက်မောင်းပေါ်မှာ အိပ်နေကျကျွန်တော်က ညဘက်တွေဆို အရင်လိုကောင်းကောင်း အိပ်မပျော်တော့ဘူး။ ဟာတာတာနဲ့ ဘာလိုလို့ လိုနေမှန်းမသိဘူး။ တစ်ခုခုစားချင်တိုင်းလည်း မောင်ထူးကိုသတိရတယ်။ သူသာရှိရင် သေချာပေါက် ဝယ်ကျွေးမှာပဲ။ မောင်ထူးနဲ့နေတာကြာသွားလို့ ထင်ပါတယ်။ တစ်ခုခုဆို မောင်ထူးကိုပဲ အရင်ဆုံးအမှတ်ရနေတယ်။

ကျွန်တော်မောင်ထူးကို မုန်းလာဆိုတော့ မမုန်းပါဘူး။ ဒီတိုင်း မတွေ့ချင်သေးရုံပါပဲ။ နည်းနည်းတော့ ခံပြင်းတာပေါ့။ ဒါပေမယ့် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးမှတော့ ဘာတတ်နိုင်တော့မှာလဲလေ။ လင်ယောက်ျားရယ်လို့ဖြစ်လာပြီးမှတော့ ကွဲတာကွာတာတွေ မလုပ်ချင်တော့ပါဘူး။ မောင်ထူးဆိုတာကလည်း ယောက်ျားတစ်ယောက်ဖြစ်နေတာကလွဲရင် ကျန်တာဘာမှပြောစရာမလိုတဲ့ လူတစ်ယောက်။ အရာရာကျွန်တော့်သဘော၊ ကျွန်တော့်စိတ်တိုင်းကျအတိုင်း ဖြည့်ဆည်းပေးခဲ့တယ်။ သူတင်ပဲလားဆိုတော့ မဟုတ်။ သူတို့တစ်မိသားစုလုံး ကျွန်တော့်အပေါ်ကို ကောင်းပေးခဲ့ကြတယ်။ ကျွန်တော်သိပါတယ်။ မောင်ထူးကျွန်တော့်ကို ဘယ်လောက်ချစ်တယ်ဆိုတာကို။ ကျွန်တော်နားလည်းတယ်။ အစတုန်းကတော့ ခံပြင်းခဲ့ပေမယ့် နောက်တော့လည်း မောင်ထူးကိုအပြစ်မတင်ရက်တော့ပါဘူး။ ဒါပေမယ့် အခုတော့ မောင်ထူးအနားကို ပြန်ချင်စိတ်မရှိသေးဘူး။

တော်သလင်းလပြည့်နေ့က ကျွန်တော်တို့ရွာဘုရားပွဲလေ။ မောင်ထူးနဲ့လည်း မတွေ့ချင်သေးတာမို့ ဘုရားပွဲပြီးမှပဲ ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အမေတို့ကတော့ ပျော်နေကြတယ်။ ဘုရားပွဲကျရင် ဟိုတစ်ခါပါလာတဲ့ သားသူငယ်ချင်းတွေကို အလည်လှမ်းခေါ်လိုက်ပါလားတဲ့ အမေကပြောတော့ ကျွန်တော်သူ့ကိုမတွေ့ချင်သေးတာကြောင့် မခေါ်တော့ပါဘူးဗျာလို့ပဲ ပြန်ပြောလိုက်တယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now