နောင်ရှက်လဲရှက်ပျော်လဲပျော်ပေါ့...ဘာပဲဖစ်ဖစ်ဦးနောင့်ကိုကြွေစေရမယ်ဟွန့်
နောင်လဲအိမ်အောက်သို့ဆင်းလာခဲ့ပြီးမေမေ့အား
"မေမေ...ဟင်းတွေဘာလို့ဘူးတွေထဲထည့်နေတာလဲ"
"အော်သား...မေမေဟိုဘက်အိမ်ကအသစ်ကိုဟင်းသွားပေးမလို့..အိမ်နီးချင်းဖြစ်သွားပြီလေသားရဲ့"
"အာ...အဆိုမေမေ..သားသွားပို့ပေးမယ်နော်"
"ဟယ်မေမေ့သားလေးကမေမေ့ကိုကူပါဆိုထွက်ပြေးနေပြီးမေမေမခိုင်းတဲ့ဟာကိုသားကလုပ်ပေးမလို့လား"
"အာမေမေကလဲဟိုဘက်ခြံကဦးကသားနဲ့သိတယ်အဲ့တာကြောင့်"
"သားနဲ့ကဘယ်လိုသိတာလဲ"
"အာမေမေရာမမေးနဲ့တော့သားသွားပို့တော့မယ်ဟင်းတွေအေးကုန်လိမ့်မယ်"
"အေးပါသားရယ်..သွားသွား"
"ဟုတ်မေမေ"
နောင်မေမေ့ဆီကဟင်းဘူးကိုယူပြီးဦးရဲ့ခြံကိုသွားလိုက်တယ်
ခနကဦးကကျနော့ကိုယ်လုံးကိုမြင်သွားလို့ရှက်စိတ်ကတော့မပျောက်သေး
တီတောင်
"ဦးရေ...ဦးရှိလား...."
ထိုအခါခြံတံခါးကပွင့်သွားခဲ့သည်.. ဦးကိုယ်တိုင်လာဖွင့်သည်တော့မဟုတ် ဦးကြီးအရွယ်ဦးလေးကြီးတယောက်ကာ
"သားလေးက"
"ဟိုဟာ..ဦးရှိန်းနဲ့တွေ့ခြင်လို့အဲ့တာ..ကျနော်ဝင်လို့ရမလား"
"သားလေးဝင်လို့ရပါတယ်...ဦးနေကို မောင်ရှိန်းကပြောပြီးသားသားလာရင်လာလို့ရတယ်တဲ့"
"ဟုတ်ကဲ့ဦးကြီး..ကျနော်ဝင်ခဲ့မယ်နော်"
နောင်ဘူးလေးကိုလက်မှဂိုင်းနှင့်ဆွဲကာဦးခြံကြီးထဲကိုဝင်ခဲ့လိုက်တယ်..ထို့နောက်အိမ်ထဲသို့ဝင်တော့ဦးကဆိုဖာပေါ်မှာထိုင်ရင်းသတင်းစာဖတ်နေတယ်
"ဟို...ဦး..နောင်ရောက်ပြီ"
"အော်..နောင်လေး..လာလေ.. နောင်လေးကဘယ်လိုလုပ်ပြီး"
"အော်ဦး.မေမေကဟင်းပေးခိုင်းလိုက်လို့လာပေးတာ😁😁"
"အော်....ကိုယ့်ကိုလာပေးတာကျေးဇူးပါလို့မင်းလေးရဲ့မေမေကိုပြောပေးလိုက်နော်...ပြီးတော့ဘူးကပြန်ယူသွားမှာလား"
![](https://img.wattpad.com/cover/253607222-288-k63692.jpg)
YOU ARE READING
ဦးသာလျှင်(ဦးသာလွ်င္)complete
Teen Fictionuni ဦးနဲ့သာဆိုနောင်နောင်ကအပျော်ရဆုံးပါဦးရယ် နောင်လင်းသန့်# ကလေးမင်းလေးကိုကိုယ်လက်ထပ်ရတဲ့ကြောင်းအရင်းကမင်းအဖေကိုလက်စားခြေချင်လို့..မင်းကိုအသုံးချပြီးမင်းမိသားစုကိုစိတ်ဒုက္ခရောက်စေရမယ် ဦးရှိန်း# zawgyi ဦးနဲ့သာဆိုနောင်နောင်ကအပျော်ရဆုံးပါဦးရယ် နောင်လ...
part3
Start from the beginning