part 1

74.4K 2.1K 125
                                    

Uincoad

"သားနောင် ထတော့လေသား
ကျောင်းသွားဖို့နောက်ကျနေမယ်"

"အင်းအင်းမေမေ ထမယ်နော်
တစ်မိနစ်လောက်ပဲ အာ...ဟုတ်သား
ဒီနေ့uniစတက်ရမဲ့ရက်ပဲ မေ့နေတာ"

"အမလေးဖြစ်ရမယ် ရေမြန်မြန်ချိုးပြီးဆင်းခဲ့တော့ မေမေမနက်စာလုပ်ထားတယ်နော်"

"ဟုတ်ကဲ့မေမေရေထပြီထပြီ..."

ကျွန်တော်နာမည်က နောင်လင်းသန့်ပါ
အိမ်ကလူ‌တွေရောသူငယ်ချင်းတွေကပါနောင်လို့ပဲခေါ်ကြတယ်လေကျွန်တော့်မျက်နှာကမိန်းကလေးနဲ့တူပြီးခန္ဓာကိုယ်ကပါသေးသေးသွယ်သွယ်ဆိုတော့ကိုယ့်ကိုယ်ကိုသိပ်အားမရဘူးဗျာသူများလိုပေါင်မုန့်ခြောက်ထုပ်ကြီးရှိချင်သေးတာဒါနဲ့ကျွန်တော်ကgayတစ်ယောက်ပါroleကတော့ခင်ဗျားတို့ထင်ထားတဲ့အတိုင်းပါပဲပေါင်မုန့်ခြောက်ထုပ်မှမပါတော့ukeပေါ့ဗျာအခုထိတော့ဘယ်သူ့ကိုမှမချစ်မိသေးတဲ့Faလေးပါပဲကျွန်တော်စပ်စလူးထတာလဲပါမှာပေါ့လေ ဒါ‌ပေမဲ့ကျွန်တော်တစ်ယောက်ယောက်ကို
ချစ်မိသွားရင်တော့ကိုယ့်ကိုပြန်မချစ်ရင်တောင်ငွေနဲ့ပေါက်ပြီးအပိုင်းသိမ်းပစ်ရမှာပဲလေဟင်းဟင်း

ကျွန်တော်gayဆိုတာမိဘတွေလဲသိပါတယ်ဖေဖေကတော့ကျွန်တော့ဖြစ်တည်မှုကိုသိပ်လက်မခံချင်တဲ့ပုံပေါ်ပေမဲ့မေမေကတော့နှစ်တစ်ထောင်fujoshiကြီးလေမေမေကကျေနပ်သဘောကျနေရင်
အိုကေပြီဖေဖေကမေ့မေ့သဘောပဲ
အိမ်ကလဲအလိုလိုက်တော့ကျွန်တော်ကလုပ်ချင်တာလုပ်လိုက်ရမှကျေနပ်တဲ့ကလေးဆိုးကြီးဖြစ်နေတော့‌တာပဲအခုလဲuniစတက်ရမဲ့နေ့ကိုအိပ်ယာထနောက်ကျနေပြန်ပြီအဲ့တာညကဟိုသူတောင်းသားတွေနဲ့ဂိမ်းဆော့နေရလို့လေ

"သားစားလို့ဝပြီလား"

"ဟုတ်မေမေ"

"သား‌ဖေဖေရဲ့ကားနဲ့တစ်ခါထဲလိုက်သွားလိုက်လေ"

"တော်ပါပြီမေမေရယ်ဖေကြီးနဲ့မလိုက်ချင်ပါဘူး...ကျွန်တော့ဘာသာဆိုင်ကယ်နဲ့ပဲသွားတော့မယ်"

"ကဲသားကလဲ..."

"နောင်လင်းသန့်...မင်းဒီလာစမ်း"

နောင်လဲဖေဖေခေါ်လို့အနားသွားလိုက်တဲ့အခါ...

"ဂွက်"

ဦးသာလျှင်(ဦးသာလွ်င္)completeWhere stories live. Discover now