အခန်း (၅)/ အခန္း (၅)

Start from the beginning
                                    

ချောင်ယွီပြေးသွားပြီးစစ်လိုက်တယ်။ တစ်ဖက်သူကတကယ်မြင်နိုင်နေသလိုပင်။ ဟုတ်မှန်ကြောင်း သူခေါင်းငြိမ့်လိုက်တယ်။

"အခု အဲ့အစတွေကိုအကုန်ပေါင်းချည်လိုက်, ပြီးရင် အနောက်ပြတင်းပေါက်ကနေဆင်းလာခဲ့။ ငါ့အိမ်နံရံတွေက နိမ့်တော့မင်းတိုင်းတာလို့ရတာပေါ့။ လုံလုံခြုံခြုံယူလာဖို့မေ့နဲ့"

ချောင်ယွီ အနောက်ပြတင်းပေါက်ကို သွားပြေးကြည့်လိုက်တယ်။ "ငါ နည်းနည်းကြောက်တယ်"

"မင်း ဘာတွေကြောက်နေတာလဲ?! မင်း ငါ့လိုတောင့်တင်းတဲ့ခန္ဓာကိုယ်ကြီးပိုင်ထားပြီးတော့ ကြောက်နေသေးတယ်! မြန်မြန်, ခြံစည်းရိုးအနောက်ဘက်မှာစောင့်နေတယ်!"

ချောင်ယွီအဝတ်ဝတ်လိုက်ပြီး မီးခံသေတ္တာကို ကျောင်းလွယ်အိတ်ထဲထည့်လိုက်ပြီး အခင်းစတွေကိုစတင်ဆက်လေတော့သည်။

ဒါဟာ ရုပ်ရှင်တွေထဲကလုပ်သလိုမျိုး လိုက်လုပ်တာသူ့ရဲ့ပထမဆုံးဖြစ်၏။

သူနံရံကနေဆင်းလာတော့ ဖုန်းရှို့က သူ့ပါးစပ်ထဲမှာသွားတိုက်တံကိုက်ထားပြီး နံရံဘေးမှာထိုင်နေတာကိုတွေ့လိုက်ရတယ်။

ဖုန်းရှို့ မတ်တတ်ရပ်လိုက်ပြီး သူ့ဆီလျှောက်လာခဲ့တယ်။

ချောင်ယွီက ပြေးလာပြိး တစ်ဖက်သူကိုဆွဲဖက်လိုက်သည်။ အချိန်အကြာကြီးအကျွမ်းတကျင်မရှိခဲ့တာကြောင့် သူ့ကိုယ်ပိုင်မျက်နှာဖြစ်နေရင်တောင်မှ ချစ်စရာကောင်းတယ်လို့တွေးမိနေတုန်းပဲ။

ဖုန်းရှို့ကသူ့ပွေ့ဖက်မှုကြားမှာ ချောင်းအနည်းငယ်ဆိုးလိုက်တယ်။ "ညီငယ်လေး, ညီငယ်လေး..နည်းနည်းလောက်ညင်ညင်သာသာလုပ်ပါကွာ, မင်းရဲ့ခန္ဓာကိုယ်က အခုဘယ်လိုအခြေအနေလဲဆိုတာ မင်းသိရဲ့လား?! မင်းငါ့ကို အသက်ရှုကြပ်ပြီးသေစေချင်လို့လား"

ချောင်ယွီက သူညှစ်ထားကို လွှတ်ပေးလိုက်တယ်။ "တောင်းပန်ပါတယ်, တောင်းပန်ပါတယ်!"

ဖုန်းရှို့ရဲ့မီးခံသေတ္တာထဲမှာတော့ ချက်လက်မှတ်နှစ်ရွက်ကလွဲလို့ ကျန်တာက ငွေသားတွေဖြစ်၏။

ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️Where stories live. Discover now