အခန်း (၂)/ အခန္း (၂)

4.5K 765 3
                                    

Unicode

A မြို့တော်၏အစိုးရဆေးရုံတွင် ချောင်ယွီဟာ ကုတင်ပေါ်မှာလှဲနေရင်း အသက်ရှူနေ၏။

ဖုန်းရှို့ကအနည်းငယ်စိတ်သက်သာရာရသွားသလိုပင်။ သူကသတ္တိရှိတဲ့သူတစ်ယောက်ဆိုပေမယ့်လည်း သူ့အရှေ့မှာ သူခန္ဓာကိုယ်ကြီးသေသွားအောင်တော့ ပြစ်မထားနိုင်ပေ။

သူကိုညွှန်ကြားပေးနေသည့်ဆရာဝန်မှာ တော်တော်အိုနေပြီဖြစ်၏။ ဆေးစစ်ချက်ကတော့ အင်တာနက်ဆိုင်မှာတစ်ညလုံးနေပြီး ပြန်လာတဲ့အခါမှာလည်းအလုပ်တွေဖိလုပ်လိုက်တာကြောင့် အားနည်းတာလို့ အဖြေထွက်လာတယ်။

ဆရာဝန်အိုကြီးကတော့ အမိမြေကြီးအတွက်စိုးရိမ်နေမိတယ်။ စားပွဲကိုဘောပင်နဲ့ခေါက်နေပြီး ဝေဖန်လာ၏။ "အခုခေတ်လူငယ်တွေက ကောင်းကောင်းစားကြပါတယ်။ သူတို့ကိုယ်လုံးသေးသေးလေးနဲ့မဆန့်တဲ့အထိစားကြတာ။ အဲ့လိုမျိုးကနေဖြစ်လာတယ်ဆိုတော့..."

ဖုန်းရှို့ကမပျော်ရွှင်စွာဖြင့် "သူမစားနိုင်ဘူးဆိုတာ ခင်ဗျားဘယ်လိုသိလဲ? ကျွန်တော်တို့က အမြဲတမ်းလေ့ကျင့်ခန်းလုပ်တယ်ဗျ!"

ဆရာဝန်အိုကြီးကတော့ သူ့ကိုဆက်လက်ဆုံးမနေ၏။ "မင်းရဲ့လက်သွယ်သွယ်လေးတွေကိုတွေ့လိုက်တာနဲ့ မင်း ကြီးထွားနှုန်းရပ်သွားပြီမှန်း သိသာတယ်။ အရပ်ရှည်တာပဲမတွေးနဲ့။ ဒီလိုမလျော်ကန်တဲ့ဘဝနေထိုင်မှုက သူ့ကိုမထိခိုက်ဘူးမထင်နဲ့။ ပြီးတော့ မင်းကသူလား? သူ့ခန္ဓာကိုယ်အခြေအနေကဘယ်လိုဖြစ်နေပြီလဲဆိုတာသိရဲ့လား?"

ဖုန်းရှို့က ဒါကိုဘယ်လိုပြန်ပြေရမယ်မှန်းမသိတော့ချေ။ တစ်ဖက်သူဟာ ဆရာဝန်တစ်ယောက်ဖြစ်နေပြီး သူ့ထက်လည်း အများကြီးအသက်ကြီးတာကြောင့် သူပြောသည်မှာအတော်လေးအဓိပ္ပာယ်ရှိ၏။ သူကတော့ ပုံမှန်လုပ်ရမယ့်အလုပ်ရှိပေမယ့်လည်း ထိုကောင်ငယ်လေးကတော့ မနေ့ညကအိပ်ပျော်ခဲ့မှာမဟုတ်ဘူး။

သို့သော်လည်း သူအခုရောက်နေတဲ့ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်က ကြီးထွားမှုနှုန်းရပ်သွားပြီဆိုပေမယ့်လည်း ထိတွေ့ရတာကတော့ အတော်လေးနူးညံ့တယ်။

ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️Hikayelerin yaşadığı yer. Şimdi keşfedin