ပိုင်တိုင်းပြည်၏ဘုရင်မှာမကြာသေးခင်ကမှ
နတ်ရွာစံသွားသောကြောင့်အိမ်ရှေ့စံမင်းသား
ပိုင်ရုံလျန်မှနန်းတက်... မိဖုရားမရှိသေး
အရမ်းဖော်ရွေ၍နွေးထွေးတတ်သူဟုကျော်ကြား
* ငါ့ရဲ့ အိမ်ရှေ့စံမင်းသားကရောအာ့လို
ကြင်နာတတ်ရင်ကောင်းမှာပဲ *
ဟုန်တိုင်းပြည်...
အင်အားအကြီးဆုံးသောနိုင်ငံ...
ကျူးရှောင်ဟန်ရောက်နေသောနေရာ...
ဟုန်ဘုရင်မှာနေရာအလိုက်နေတတ်သူ...
အပျော်အပါးဆိုအပျော်အပါး...
စစ်မက်ရေးရာဆိုစစ်မက်ရေးရာ...
မိသားစုဆိုမိသားစု...
သေသေချာချာခွဲခြားလုပ်ကိုင်တတ်သူ...
ဟုန်နိုင်ငံ၏မိဖုရားမှာ
ပိုင်နိုင်ငံ၏မင်းသမီးတစ်ယောက်ဖြစ်သည်...
အလွန်နွေးထွေး၍ကြင်နာတတ်သူ...
ကျူးရှောင်ဟန်ကိုလည်းသားတစ်ယောက်လို
ဂရုစိုက်ပေးတတ်သူ...မိဖုရားဟုန်ဟုခေါ်ဆိုကြ...
* လာပြီလာပြီ...ငါ့ရဲ့အိမ်ရှေ့စံမင်းသား
သူ့အကြောင်းသိချင်တာကြာပေါ့ ဟဲဟဲ *
ဟုန်တိုင်းပြည်၌မင်းသားဆိုလို့အိမ်ရှေ့စံမင်းသား
ဟုန်ယွဲ့ထျန်းတစ်ယောက်သာရှိ...သူဟာ
စစ်မက်ရေးရာအလွန်ကျွမ်းကျင်ကာလူအများက
သူ့ကို "သတ်ဖြတ်ခြင်းနတ်ဘုရား"လို့ခေါ်ဆိုကြ...
သူ့ကိုအပြစ်လုပ်သူမှန်သမျှအားသေဒဏ်...
သူ့ဆီကအပြုံးဆိုတာကိုလည်းမမြင်ရသလို
ကြင်နာတဲ့အရိပ်အယောင်လည်းမတွေ့ ရ
လျှို့ ဝှက်ချက်လည်းအရမ်းများတတ်သူ...
* ဘုရားရေ ငါသူနဲ့မတွေ့ ဖြစ်အောင်ရှောင်ရမယ်...
မဟုတ်ရင်ငါအသက်နဲ့ခန္ဓါ အိုးစားကွဲလိမ့်မယ် *
.............................
" ဒါပေမယ့်သူကကြင်ယာတော်အရှေ့မှာဆို
နည်းနည်းနူးညံ့နေသလိုပဲ "
" တကယ်လား... ဒါနဲ့ ရှင်းအာ...နင်နဲ့
ဟိုကောင်လေးအကြောင်းလည်းပြောပြဦးလေ
ပြီးတော့ငါကဒီကိုဘာလို့ရောက်လာလဲဆိုတာ "
" အော်... ဟုတ်ကဲ့ "
.............................
ကျူးရှောင်ဟန်မှာအစေခံနှစ်ယောက်ရှိတယ်
ရှင်း နဲ့ ရန် ... ရှင်းအာကစာပေထူးချွန်ပြီး
ပိုင်တိုင်းပြည်ကကျူးတိုင်းပြည်ကို
ဆက်သလာတဲ့ကျွန်မိန်းကလေး...
ရန်အာကကျတော့ သိုင်းတက်ပြီး
ဟင်းချက်အရမ်းတော်တဲ့အစေခံကောင်လေး...
နှစ်ယောက်လုံးပုံမှန်ဆိုအရမ်းကလေးဆန်ပေမယ့်
အရေးကိစ္စဆိုရင်အရမ်းအားကိုးရတယ်...
ငယ်ငယ်တည်းကအတူတူကြီးပြင်းလာတဲ့အတွက်
တစ်ယောက်အကြောင်းတစ်ယောက်အကုန်သိကြ...
ကျူးရှောင်ဟန်ကိုဟုန်တိုင်းပြည်မှလာတောင်းရာ
ကြင်ယာတော်အဖြစ်မဆက်သပါက
စစ်ကြေငြာမည်ဟုပြောသောကြောင့်
ဟုန်နိုင်ငံသို့ရောက်ရှိနေခြင်းပင်...
* အေးလေငါကအရမ်းချောနေတော့လည်း
စစ်တောင်တိုက်ပြီးယူရမှာပေါ့...ငါလေး
မိုးပေါ်ပျံတက်တော့မယ် ဟားဟားဟားးး *
.............................
" ရှင်းအာ ငါဗိုက်ဆာတယ် "
" ကြင်ယာတော် ခဏလေးပဲစောင့် ...
ရန်အာယူလာပေးလိမ့်မယ် ... "
" ငါတို့အပြင်ကိုလမ်းလျှောက်ကြရအောင် "
" ဟုတ်ကဲ့ ... "
.............................
ကြင်ယာတော်နဲ့ရှင်းအာလည်းနန်းဆောင်ကို
လှည့်ပတ်ကြည့်ရင်းဓါးပျံတစ်ချောင်းက
ကြင်ယာတော်၏လည်ပင်းနားကဖြတ်သွားလေသည်
" ဘယ်သူလဲ !!! "
" ကြင်ယာတော်ဘာဖြစ်သွားသေးလဲ "
// အတိတ်တွေမေ့သွားပါတယ်ဆိုတဲ့သူက
ဓါးပျံကိုရှောင်နိုင်တယ်တဲ့လား ကြင်ယာတော် //
...................................................#ZHU
@@@@@@@@@@@@@@@@@
YOU ARE READING
မှော်စွမ်းအားရှင်၏ဒိုင်ယာရီ
Romanceအထက်တန်းကျောင်းသားလေးတစ်ယောက် အိပ်ပြီးနိုးလာတော့ Novel ထဲရောက်သွားတယ် အာ့ Novel ကလည်း 1 ပိုင်းတည်းဖတ်ထားတာ အတတ်မေ့ချင်ယောင်ဆောင်ပြီးဘာတွေများ ဖြစ်လာမလဲ
PART - 1
Start from the beginning
