ငါကအထက်တန်းကျောင်းသားတစ်ယောက်
နောက်ဆုံးစာမေးပွဲဖြေပြီးအိပ်နေမိတာ
ဘယ်သူကထင်မှာလဲ Novel ထဲရောက်သွားမယ်လို့
ပြီးတော့လည်း 1 ပိုင်းပဲဖတ်ရသေးတဲ့ Novel
* အားးးးးးးဘုရားရေ... ငါဘာမကောင်းမှုတွေများ
လုပ်ခဲ့မိလို့လဲ... ဝူးးးဝူးးး *
ငါ့ခန္ဓါကိုယ်ရဲ့မူလပိုင်ရှင်ကကျူးတိုင်းပြည်ရဲ့
ဒုတိယမင်းသားကျူးရှောင်ဟန်...
အခုတော့ဟုန်တိုင်းပြည်မှာလက်ထပ်ဖို့အတွက်
ရောက်နေတယ်တဲ့
* ငါအခုမှအထက်တန်းကျောင်းတက်နေတာလေ
လက်ထပ်ရတော့မယ်တဲ့...သွားသေလိုက်ပါလား
ဒါနဲ့မင်းသမီးကချောမယ်ထင်တယ် အဟိ ~ *
မှန်းချက်နဲ့နှမ်းထွက်မကိုက်သောငါလေးပါလား
လက်ထပ်ရမယ့်လူကဟုန်တိုင်းပြည်ရဲ့
အိမ်ရှေ့စံမင်းသားတဲ့ !!!!!!
ဘာလဲ...ဒါကဟိုဘက်ကလူတွေပြောတဲ့
LGBT တွေ BL တွေလား!!! မဖြစ်နိုင်တာ
ငါအာ့တုန်းကအသားကုန်တွေဆဲခဲ့တာလေ
အခုတော့.... ဝဋ်ပြန်လည်ပြီ...ကျူမှီးငှားးး
.................................
" ကြင်ယာတော် နိုးပြီလားမသိဘူး "
* ချီးကိုကြင်ယာတော်နေလိုက်...နေဦး
စကားမှားလို့မဖြစ်ဘူး...မဟုတ်ရင်ငါသေမှာ
မြင်ယောင်နေတယ်...မဖြစ်ဘူး *
" ဝင်လာခဲ့ပါ "
" ကြင်ယာတော်...ဒီနာမည်ကခေါ်လို့ကောင်းတယ်
အရင်လိုကျူးမင်းသားလို့ခေါ်ရတာထက်
ပိုကောင်းတယ် ဟီးးဟီးး "
" မင်းငါနဲ့တွေ့ ဖူးလို့လား "
" ကြင်ယာတော် !!! ရန်အာရေ !!!
တော်ဝင်သမားတော်ခေါ်ခဲ့ !!! "
..............
တော်ဝင်သမားတော်ကသွေးကြောများကို
စမ်းသပ်ရင်း...
" ကြင်ယာတော်ကဘာမှတော့မဖြစ်ပါဘူး...
ကြည့်ရတာအတိတ်မေ့သွားတာထင်တယ် "
" ဘာ !!!!!! "
အစေခံလေးတွေအော်ခြင်းဖြစ်သည်...
" ရန်အာ...ငါတို့ဘယ်လိုလုပ်ကြမလဲ ငါတို့ကိုပါ
မမှတ်မိတာလား..."
YOU ARE READING
မှော်စွမ်းအားရှင်၏ဒိုင်ယာရီ
Romanceအထက်တန်းကျောင်းသားလေးတစ်ယောက် အိပ်ပြီးနိုးလာတော့ Novel ထဲရောက်သွားတယ် အာ့ Novel ကလည်း 1 ပိုင်းတည်းဖတ်ထားတာ အတတ်မေ့ချင်ယောင်ဆောင်ပြီးဘာတွေများ ဖြစ်လာမလဲ
