ရှောင်ကျန့်သူ့ကိုကြည့်လိုက် ဝမ်းနည်းသွားလိုက်ဖြစ်နေသော ချစ်သူကိုကြည့်၍ ရယ်ချင်လာရသည်။ဆေးလည်းပြင်းတော့ အခုအချိန်သူ့ချစ်သူ ထိန်းချုပ်ထားရတာ ဘယ်လောက်ခက်ခဲပြီး နာကျင်နေရမလဲဆိုတာ သူသိသည်။ထို့ကြောင့် သူ့ချစ်သူအရှေ့သို့သွားကာ ပါးလေးကိုကိုင်၍ နှုတ်ခမ်းကိုထိရုံမှထိကပ်ထားလိုက်သည်။ထိုအခါသူ့ကို အံ့ဩခြင်း ပျော်ရွှင်ခြင်းတွေနဲ့ကြည့်လာတဲ့ သူ့ရဲ့ချစ်ရသူ။

ရိဖန်လည်း သူမထင်ထားတဲ့လုပ်ရပ်ကိုလုပ်လာတဲ့ကလေးကြောင့် ရင်ဘက်ထဲ၌ပျော်ရွှင်မှုတို့အစားထိုးဝင်ရောက်လာခဲ့သည်။ကလေးကို ကြည့်လိုက်တော့ ကလေးကသူ့ကိုခွင့်ပြုတယ်ဆိုသော သဘောဖြင့် ပါးလေးများနီရဲကာ ခေါင်းငြိမ့်ပြလာတော့ ရိဖန်အလွန်ပျော်သွားရသည်။ရိဖန် ကလေးရဲ့ပါးလေးနှစ်ဖက်ကို အုပ်ကိုင်ကာ ကလေးရဲ့ပန်းဆီရောင်နှုတ်ခမ်းနွေးနွေးလေးကို ပေါ်တစ်လှည့်အောက်တစ်လှည့်စုပ်ယူနမ်းရှိုက်နေမိသည်။ထို့နောက် ကလေးရဲ့ကျောကုန်းလေးကနေ ထိန်းကိုင်ပြီးအိပ်ရာပေါ်သို့ ‌နမ်းလျက်ပင် ဖြေးညင်းစွာလှဲချလိုက်ပြီး ကလေးအပေါ်မှအုပ်မိုးလိုက်သည်။ရိဖန်ရဲ့အနမ်းများက တပ်မက်‌ခြင်းတို့ရောနှောနေပြီး ရှောင်ကျန့်ရဲ့လျှာလေးကို ရစ်ပတ်စုပ်ယူနေရင်း ခါးဝတ်ပိုးသားဝတ်ရုံလေးကို ဖြေချလိုက်တော့ ‌ဖြူဖွေးနူးညံ့နေသော ပခုံးသားဝင်းဝင်းလေးက တန်းပေါ်လာသည်။ထို ပခုံးအောက်တွင်တော့ ချယ်ရီသီးလို နီရဲနေတဲ့ အရာလေးနှစ်ခုကိုတွေ့လိုက်ရသည်။

ရှောင်ကျန့်လည်း ရိဖန်ရဲ့နမ်းရှိုက်နေမှု အောက်တွင် အလိုက်သင့်စီးမျောပါသွားပြီး သူ့ရဲ့လက်တို့က ရိဖန်ရဲ့ခါးကိုပြန်ဖက်တွယ်ထားလေတော့သည်။ရိဖန်ကလည်း နမ်းရှိုက်နေမှုကို မရပ်တန့်ဘဲ ရှောင်ကျန့်ရဲ့ကျောပြင်တစ်လျှောက်ကို ပွတ်သပ်ပေးနေ‌သည်။သူ နမ်းတာကြာသွားတော့ အသက်ရှူမဝလို့ သူ့ကိုတွန်းကာ ပါးစပ်လေးဟစိဟစိနှင့် လေရှူနေသည့် ကလေးရဲ့ပုံကအရမ်းချစ်ဖို့ကောင်းလွန်းသည်။ရိဖန်သည် တစ်ချက်ပြုံးလိုက်ကာ ကလေးရဲ့ချယ်ရီသီးကိုနီရဲနေတဲ့ အရာလေးနှစ်ခုကို စုပ်ယူကာ သွားလေးနဲ့ကိုက်လိုက်တော့ ညည်းသံလေးထွက်လာပြီး အနည်းငယ်တွန့်သွားချေသည်။

 Surviving As A Backup Character[System]Where stories live. Discover now