"တောင်းပန်ပါတယ် ကလေး ကိုယ်-ကိုယ်"
ရှောင်ကျန့်လည်း သူ့ချစ်သူရဲ့ထိတ်လန့်နေတဲ့ ပုံစံလေးကိုကြည့်ကာ ကုတင်ပေါ်မှာ ထထိုင်လိုက်သည်။ ထိန်းချုပ်ထားရလွန်းလို့ ချွေးပေါက်များပင် ကျကာ မျက်နှာတစ်ခုလုံးရဲတွတ်နေတဲ့ ရိဖန်က ပုံစံတစ်မျိုးလေးနဲ့ ခန့်ညားနေပြန်သည်။ဟိုရန်လင်မယားက သူတို့အကြံအစည်ဖြစ်မြောက်အောင် ဆေးအပျော့စားတော့ ခတ်ထားမှာမဟုတ်ကြောင်း သူသိသည်။သူ့ချစ်သူမှန်းမသိခဲ့၍သာ ထိုအစီအစဉ်တွေနဲ့ မပတ်သတ်ပဲ ပွဲကြည့်ပရိတ်သတ်အဖြစ်သာလုပ်ရန် ဆုံးဖြတ်ခဲ့မိသည်။ကံကောင်း၍သာ သူတို့အကြံအစည်တွေအတိုင်းမဖြစ်ခဲ့ခြင်းဖြစ်သည်။အစီအစဉ်ဆိုမှ ရှောင်ကျန့်အစီအစဉ်ရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ချိန်ရွှမ်ကိုလိုက်ရှာမိသည်။အခုအချိန်မှာ သူမဒီအခန်းထဲကိုတော့ရောက်သင့်နေပြီမဟုတ်ပါလား?အဘယ်ကြောင့် သူမကိုမတွေ့ရသနည်း။သူ သူမအကြောင်းကိုတွေးနေတာကြောင့် သူ့အရှေ့က ထိုင်နေတဲ့ ခြင်္သေ့ကြီးရဲ့တစ်ဖြည်းဖြည်း တင်းမာလာတဲ့ အခြေအနေကိုသတိမထားမိခဲ့ချေ။
ရိဖန် သူ့ကိုယ်သူဆေးခတ်ခံထားရကြောင်း သိလို့နီးစပ်ရာ အခန်းတစ်ခုထဲဝင်ပြီး ဖြေလျော့ရန်စီစဉ်ထားပေမယ့် ပိုပိုပူလောင်လာတဲ့ အငယ်ကောင်ကြောင့် လက်သမလုပ်ရန်စဉ်းစားနေစဉ် တံခါးဆီမှခြေသံကြား၍ နောက်ကွယ်မှာပုန်းကာ နားထောင်နေပေမယ့် အခန်းထဲသို့မဝင်လာဘဲ အရှေ့မှာပဲ ရပ်နေတဲ့သူကြောင့် ပူလောင်နေတဲ့ဒဏ်ကို ကြိတ်မှိတ်သည်းခံကာ တံခါးကိုဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မျက်နှာလေးကြောင့် ဆေးမိလို့ထိန်းချုပ်ထားတဲ့ စိတ်အစဉ်ကလုံးဝလွတ်သွားပြီး ကလေးကိုဆွဲခေါ်ကာ ကုတင်ပေါ်တွင် ဖိချ၍ နမ်းရှိုက်နေမိသည်။ထိုအချိန်မှာ ငိုလာတဲ့ကလေးရဲ့ မျက်ရည်များကြောင့် သူအသိစိတ်ပြန်ဝင်လာရသည်။သူကလေးကို ဖွင့်တောင်မပြောရသေးဘဲ ဘာလုပ်လိုက်မိတာလဲ?ကလေး သူ့ကိုချစ်တောင်မချစ်သေးတာ မုန်းသာမုန်းသွားခဲ့ရင်ဆိုတဲ့ အတွေးကသူ့ရင်ဘက်ထဲကို ချော်ရည်ပူတွေလောင်းချနေသည့်အလား ပူလောင်လွန်းလှသည်။သူ့ကိုဘာမှ မပြောပဲစိုက်ကြည့်နေတဲ့ကလေးကြောင့် ရိဖန်၏ စိတ်ထဲတွင် စိုးရိမ်မှုတို့ပိုကြီးမားလာခဲ့ရသည်။
YOU ARE READING
RomanceTitle - ❗Both Zawgyi and Unicode❗ Starting Date (3, December 2020)🔖 Ending Date ( - )🔖 ရှောင်ကျန့်ဆိုတဲ့ ကောင်လေးက အတိတ်ကမှတ်ဉာဏ်တွေပျောက်ဆုံးနေပြီး Systemကို ရောက်ရှိလာသူလေးဖြစ်တယ်~ သူဟာ အမြောက်စာလေးအဖြစ်နဲ့ မတရားသဖြ...
Arc 2.09🔕
Start from the beginning
![Surviving As A Backup Character[System]](https://img.wattpad.com/cover/242684665-64-k32335.jpg)