ရှောင်ကျန့်လည်း ရိဖန်ရဲ့နမ်းရှိုက်နေမှု အောက်တွင် အလိုက်သင့်စီးမျောပါသွားပြီး သူ့ရဲ့လက်တို့က ရိဖန်ရဲ့ခါးကိုပြန်ဖက်တွယ်ထားလေတော့သည်။ရိဖန်ကလည်း နမ်းရှိုက်နေမှုကို မရပ်တန့်ဘဲ ရှောင်ကျန့်ရဲ့ကျောပြင်တစ်လျှောက်ကို ပွတ်သပ်ပေးနေ‌သည်။သူ နမ်းတာကြာသွားတော့ အသက်ရှူမဝလို့ သူ့ကိုတွန်းကာ ပါးစပ်လေးဟစိဟစိနှင့် လေရှူနေသည့် ကလေးရဲ့ပုံကအရမ်းချစ်ဖို့ကောင်းလွန်းသည်။ရိဖန်သည် တစ်ချက်ပြုံးလိုက်ကာ ကလေးရဲ့ချယ်ရီသီးကိုနီရဲနေတဲ့ အရာလေးနှစ်ခုကို စုပ်ယူကာ သွားလေးနဲ့ကိုက်လိုက်တော့ ညည်းသံလေးထွက်လာပြီး အနည်းငယ်တွန့်သွားချေသည်။

"အ...မကိုက်နဲ့လေ"

ကလေးဆီက အသံသေးသေးလေးထွက်လာလေသည်။ ထို့‌နောက် ကလေးရဲ့နှုတ်ခမ်းလေးသာမက မျက်နှာပြင်တစ်ခုလုံးအနှံ့ကိုနမ်းကာ လေးရဲ့နှာသီးဖျားလေးကိုခပ်ဖွဖွငိုက်လိုက်တော့ ထွက်ပေါ်လာတဲ့ ညည်းသံလေးကြောင့် ရိဖန်ရဲ့အငယ်ကောင်က ထောင်မတ်လာသည်။သို့ပေမယ့် ကလေးရဲ့ပထမဆုံးအကြိမ်ကို ရိဖန်နာကျင်ခြင်းတွေကိုပဲ မှတ်မိနေတာမျိုးမဖြစ်စေလိုပါ။ထို့ကြောင့် ဖြေးဖြေးပဲ သွားရန်သူဆုံးဖြတ်ထားသည်။ကလေးရဲ့ ဖွေးဆွတ်နေတဲ့လည်တိုင်ဖြူဖြူလေးကို အနီရောင်အမှတ်အသားလေးပေါ်အောင်အထိ ကိုက်မိသည်။ရှောင်ကျန့်မှာလည်း အောက်တွင်ရိဖန်၏ အထိအတွေ့များကြားတွင် အသက်ရှူသံပင်မမှန်ချင်တော့။

ထို့နောက်ရိဖန်က သူ့ရဲ့ဝတ်ရုံကိုချွတ်လိုက်တော့ ပေါ်လာတဲ့ကြွက်သားများနှင့် absများကြောင့်ရှောင်ကျန့်မနာလိုဖြစ်မိလာသည်။သူက ကောဖြစ်နေတာကြောင့် သူ့ပုံစံကသေးသွယ်နေသော်လည်း ရိဖန်ကတော့ အရင်ဘဝကထက်ပင်ပိုတောင့်တင်းပြီး ကျစ်လစ်သောပုံစံဖြင့်ရှိနေသေးသည်။
ထို့နောက် ရှောင်ကျန့်ကိုစူးစိုက်ကာကြည့်နေတဲ့ ရိဖန်ကြောင့် ရှောင်ကျန့်မျက်နှာတစ်ခုလုံးပူလောင်လာရသည်။ထို့ကြောင့်မျက်လုံးကို မှိတ်လိုက်တော့အနှီလူသားဆီမှ ရယ်သံကိုကြားလိုက်ရလေသည်။

"ဟက်..မရှက်ပါနဲ့ကွာ..ကိုယ့်ယောက်ျားကို ကြည့်တာပဲကိုး"

ထိုလူကပြောပြီးပြီးချင်း ရှောင်ကျန့်ရဲ့ဘောင်းဘီထဲလက်လျှိုဝင်ကာ သူ့အရာကိုဖြေးညင်းစွာ ကိုင်လာလေသည်။တောင့်တင်းနေသော ကလေးအရာလေးကြောင့် ရိဖန်နှုတ်ခမ်းတို့ကွေးညွတ်သွားရသည်။

 Surviving As A Backup Character[System]Where stories live. Discover now