အခန်း (၃)/ အခန္း (၃)

Start from the beginning
                                    

ထို့နောက် ချောင်ယွီဟာ တိုက်မိသွားတဲ့သူ့ကိုသူကြည့်ရင်း လူအုပ်စုကြားထဲမှာ အော်လိုက်တယ်။

တစ်ခဏကြာပြီးသည်အထိ သူမယုံနိုင်သေးပေ။ မှန်ကိုမသုံးဘဲနဲ့ သူ့ကိုသူဘာကြောင့်ပြန်မြင်နေရတာလဲ?!

မဖြစ်နိုင်တာ - သူသေသွားပြီလား?

ချောင်ယွီ သူ့မျက်နှာသူထိကြည့်လိုက်တယ်။ နွေးနေတယ်။ သူမသေသေးဘူးပဲ။ ထို့နောက် မျက်နှာဖုံးတစ်ခု, ဦးထုပ်တစ်လုံး, ပြီးတော့ လွယ်အိတ်ကြီးကြီးတစ်လုံး.....

ဒါက မဖြစ်နိုင်တာ...!

သူ့အရှေ့က 'ချောင်ယွီ' ဟာ သူ့မျက်နှာကိုအနီးကပ်တိုးလာပြီး သူတို့မျက်လုံးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့မျက်နှာကိုကြည့်ရန်ကြိုးစားလိုက်တယ်။

လမ်းမီးရောင်ရှိနေပေမယ့် ကောင်းကင်ဟာမှောင်မဲနေတာကြောင့် သူတို့ဘာမှမမြင်ရပေ။ သို့သော်လည်း သူတို့နေရာလဲသွားတာကို လက်ခံရုံပဲတတ်နိုင်တယ်လို့ ခံစားလိုက်ရတယ်။

သူတို့ဝိဉာဉ်တွေ..... ပြောင်းလဲသွားခဲ့ရပြီ။

သူ့အရှေ့မှ 'ချောင်ယွီ' ဟာ ပါးစပ်ဖွင့်လာပြီး "ငါ့နာမည်က ဖုန်းရှို့, မင်းရော?"

တခြားဘက်မှ 'ဖုန်းရှို့' ဟာ တုန့်ဆိုင်းသွားသည်။ သူတကယ်မယုံနိုင်သေးပေ။ တစ်ခဏလောက် တုန့်ဆိုင်းနေပြီးမှ သတိရှိစွာနဲ့ပြန်ဖြေလာ၏။ "ဟယ်-ဟယ်လို, ငါ-ငါကချောင်ယွီ''

သူတို့ကြုံတွေ့နေရတဲ့ပြဿနာကို မဆွေးနွေးခင် သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်စိတ်ရှုပ်ထွေးစွာကြည့်နေကြတယ်။

ဖုန်းရှို့အိမ်မပြန်ချင်ပေ။ ပြိးတော့ ချောင်ယွီကလည်း ဒီလိုပုံစံနဲ့အိမ်ပြန်လို့မရပေ။

သူတို့နှစ်ယောက်ဆွေးနွေးပြီးသွားတဲ့အခါမှာတော့ ဖုန်းရှို့က ချောင်ယွီနောက်လိုက်ပြီး ချောင်ယွီအိမ်ကိုပြန်လာခဲ့တယ်။

ချောင်ယွီရဲ့နေရာဟာ အိပ်ခန်းနှစ်ခန်းနဲ့ ဧည့်ခန်းနှစ်ခန်းပါရှိပြီး ရိုးရှင်းပြီး အရမ်းနွေးထွေးလေတယ်။

ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️Where stories live. Discover now