Episode - 26 (Z+U)

Start from the beginning
                                    

ထိုက် ရဲ့လက်ကလေးကိုကိုင်ရင်း ငိုမိတော့ ထိုက် ရဲ့ ကျန်လက်တစ်ဖက်ဟာ ဘုန်းစစ်ရဲ့ပါးပေါ်သို့ အတုန်တုန်အယင်ယင်နဲ့ရောက်လာလေသည်။

" ကျွန်တော် ဘာမှမဖြစ်ဘူးလေ ကိုကိုမငိုပါနဲ့ "

ဟု စကားပြောသံလေးထွက်လာတာမို့ ဘုန်းစစ် လည်းမျက်ရည်တွေကိုသုတ်ကာ ထိုက် ကိုပြုံး၍ကြည့်လာသည်။

" မငိုပါဘူး ကိုကို ကသန်မာတယ်လေ ထိုက် လည်းသိတာပဲ "

ဟင့်အင်း ။ ကိုကို သန်မာချင်ယောင်ဆောင်နေတာ ၊ အခြားလူတွေမသိရင်တောင် ကျွန်တော်ကသိတာမို့ ။

သူသိပ်သိတာပေါ့ ။ အမြဲတမ်း သူတစ်ပါးကိုအမိန့်ပေးစေခိုင်း‌ေနနိုင်တဲ့ ကုမ္ပဏီ ပိုင်ရှင်တစ်ဦးအနေနဲ့ အပြင်ပန်းမှာ ဘယ်လောက်ပဲမာကျောချင်ယောင်ဆောင်နေပါစေ နောက်ကွယ်မှာတော့ အမြဲတမ်းပြိုလဲနေခဲ့တာကို သူအသိဆုံးပေါ့ ။ ကိုကို လိမ်တယ် ။

" ဘယ်ကတည်းကနိုးနေတာလဲ "

" ခုနကပဲ ကိုကို ညစ်ပတ်တယ် မျက်ရည်တွေလား နှပ်တွေလား လက်ပေါ်ကျလာတာကို "

" ကိုကိုမေ့သွားတာ ပုစိက အသန့်အရမ်းကြိုက်တာကို ဟားဟား "

"လာပါဦး ကိုကို ။ ကျွန်တော်ဖက်ထားချင်လို့ "

ထိုက်ရဲ့လက်တို့သည် ဘုန်းစစ် ဆီသို့ ဖြည်းဖြည်းချင်း ကမ်းလာခဲ့သည်။

ဘုန်းစစ် ထိုက် ရဲ့ဘေးတွင် ဝင်လှဲလိုက်တော့ ထိုက် က ဘုန်းစစ်ကိုဖက်ထားသည်။ တင်းကြပ်သည်ထက်ပို၍တင်းကြပ်စွာ ဖက်ထားသည်။

လွတ်ထွက်သွားတော့မည့် ပုံရိပ်တစ်ခုပြေးထွက်သွားမှာဆိုးတာကြောင့် အတင်းမရမက ဆွဲဖက်ထားတဲ့ပုံစံမျိုးပင် ။

" ကိုကို အသက်ရှူကြပ်နေပြီ ဖြည်းဖြည်း "

"ဟီး "

ဘုန်းစစ် ကပြောလိုက်မှ ထိုက် ကသွားလေးတွေဖြီး၍ ရယ်ပြလာသည်။ ထို့နောက် ထိုက် လည်းဘုန်းစစ်ကိုဖက်ထားရင်းနဲ့မှ အိပ်ပျော်သွားလေသည်။

ကျဉ်းမြောင်းသော တစ်ယောက်အိပ်ကုတင်ပေါ်တွင် ကောင်လေး၂ယောက်ဟာ မျှော်လင့်ချက်တွေနဲ့ အတူတူ လဲလျောင်းခဲ့ကြသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now