သို့သော် စက္ကန့်ပိုင်းမျှ အတွင်း တစ်ဖက်ကုတင်တွင် အိပ်နေသော အရပ်ရှည်သည့်လူက အိပ်ယာပေါ်မှ ခုန်ချကာ ကျူးကျော်သူ၏ လက်နှစ်ဖက်ကို အမိအရ ဖမ်းချုပ်လိုက်သည်။ ထို့နောက်
ထိုလူ၏ လက်များကို ကျောနောက်တွင် ကပ်ထားစေကာ အိပ်ယာပေါ်တွင် ဖိထားသည်။ ထိုလူက ရုန်းမရပေ။အခန်းထဲတွင် မီးအရောင်က လင်းလာသည်။
"ငါးမိပြီ။"
စောယွန်း၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
" ဆရာကြီးဆီ သွားရအောင်။ "
"..."
ထိုသူက သုန္ဓလက်ထဲမှ အနည်းငယ်ရုန်းသည်။ သုန္ဓက အနည်းငယ် မာရေကြောရေနိုင်သော လေသံဖြင့်ပြောသည်။
"ကြိုးနဲ့ တုပ်ပြီး ခေါ်သွားရမလား ? အသာတကြည်လိုက်မလား ? "
ထိုအခါမှ ထိုလူက မရုန်းတော့ပဲ ငြိမ်သွားသည်။
ညနက်သန်းခေါင် ဧည့်ခန်းထဲတွင် လူစုကြရ
သဖြင့် ကျောင်းသားများက အိပ်ရေးမဝပဲ
ထိုင်နေကြသည်။ ခဏအကြာတွင် ဆရာကြီးက ရောက်လာသဖြင့် တရိုတသေ မတ်တပ်ထရပ်ကြသည်။"ထိုင်ကြပါ၊ ထိုင်ကြပါ။"
ဆရာကြီးကမူ အိပ်ရေးပျက်သည့်ဟန်မပေါ်ပဲ လန်းဆန်းနေသည်။
"ကျွန်ုပ်တို့ကို စုဝေးခိုင်းရတဲ့ အကြောင်းအရင်းက ဘာများလဲ ?"
ကျောင်းသားတစ်ယောက်၏ စကားအဆုံးတွင် စောယွန်းက သုန္ဓကို ကြည့်သည်။ သုန္ဓက ဖမ်းမိထားသည့်လူ၏ ပုခုံးကို ဖိကိုင်ကာ ဆိုသည်။
"အစေခံတွေလည်း အိပ်နေကြတာမို့ အခုအချိန်မှာ ကျွန်ုပ်တို့ ကျောင်းသားတွေနဲ့ ဆရာကြီးသာ အဖြစ်မှန်ကို သိကြရမှာပါ။ ကျွန်ုပ်တို့ သူခိုးကို ဖမ်းမိပါပြီ။ သူကတော့ မောင်လင်းပါပဲ။"
ကျောင်းသားများက အိပ်ချင်စိတ်များပြေသွားကြပြီး မောင်လင်းကို တပြိုင်နက်တည်း ကြည့်ကြသည်။ မောင်လင်းက ခေါင်းကို ငိုက်ထားသည်။
"ဘယ်လို ? မောင်လင်းတဲ့လား ? ဘယ်လိုဖြစ်ပြီး မောင်လင်းက သူခိုးဖြစ်နေရတာလဲ ?"
အခန်း ၁၁ (Z+U)
Start from the beginning