23 - Fall in Love 🖤

Start from the beginning
                                    

"ရိုးတံ...."

အသံလာရာဆီသို့ လှည့်ကြည့်လိုက်ချိန်မှာတော့ ရိုးတစ်ယောက် ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တို့ဝင်လာကာ တစ်ကိုယ်လုံးအားနည်းသွားသလို ဖြစ်သွားရတော့သည်...

"ရိုးတံ... ဘာကြောင် ကြည့်နေတာလဲ..
ကိုယ်ပါ.. စည်သူမင်းထွေးလေ..."

"ဟုတ်.. ဟုတ်ကဲ့ ကိုစည်သူ..
သိ သိပါတယ်..."

"ရိုးတံ နေကောင်းရဲ့လား..
အသံတွေလည်း တုန်ပြီး နဖူးမှာလည်း ချွေးတွေကြည့်ပဲ... မှန်းစမ်း..🤔"

စည်သူမင်းထွေးတစ်ယောက် စကားပြောနေရင်းနဲ့မှ ပိုင်းစိုးပိုင်နင်းဖြင့် ရိုးနဖူးကို လက်ဖြင့် လာစမ်းတော့သည်... ရိုးလည်း နဂိုကထဲကမှ ကြောက်လန့်နေပါတယ်ဆို ရုတ်တရက်ကြီး ကိုယ့်နဖူးကိုလာစမ်းတော့ ခြေလှမ်းတို့ အလိုလို နောက်ဆုတ်သွားကာ...

"ရိုး နေကောင်းပါတယ်..
အခုက ခရီးပန်းလာတာနဲ့ နေအရမ်းပူတာရယ်ကြောင့် ချွေးထွက်နေတာပါ..."

"ဟုတ်ရဲ့လား..? နေမကောင်းဘူးထင်တာပါပဲ.. ကိုယ် ကားပါလာတယ်.. အိမ်ထိ လိုက်ပို့ပေးမယ်လေ..."

"ရပါတယ်... ကိုစည်သူ...
ရိုးအတွက် အလုပ်ရှုပ်မခံပါနဲ့
ကိုယ့်ဘာသာ ပြန်နိုင်ပါတယ်... ရိုးကိုခွင့်ပြုပါဦးနော်..."

"နေပါဦး ရိုးတံ ရဲ့...
ကိုယ်တို့ အေးဆေးစကားပြောရအောင်ပါ.."

"နောက်မှပဲ ပြောပါ့လား ကိုစည်သူ..
အခု ရိုး ​ပြန်နားချင်နေပြီမို့လို့..."

"ခဏပဲ ပြောမှာပါ ရိုးတံရဲ့..
ဒီနားမှာ Coffee ဆိုင်ကောင်းကောင်းလေး ရှိတယ်.. သွားရအောင်ပါ..."

"ရိုး Coffee မကြိုက်ဘူး...
သောက်ချင်စိတ်လည်း မရှိဘူး..
ခွင့်ပြုပါဦးနော်..."

ရိုး စည်သူမင်းထွေးရဲ့ရှေ့မှ ထွက်လာပြီး သူ့ရဲ့ဆိုင်ကယ်ဆီသို့ အမြန်လျှောက်လာခဲ့သည်.. စည်သူမင်းထွေးသည်လည်း အနောက်ကနေ အမြန်လိုက်ကာ ရိုး ရှေ့မှ ပိတ်ရပ်လိုက်ပြီး...

"ဒီမယ် ရိုးတံ...
မင်းက ကိုယ်ကလိုက်ကပ်နေလို့ တမင်တကာ ရှောင်နေတာလား...
ကိုယ် မင်းကို ချစ်နေတယ်ဆိုတာတော့ ကောင်းကောင်း သိပါတယ်နော်..."

Fall in Love 🖤Where stories live. Discover now