အခန်း ၉ (Z+U)

Start from the beginning
                                    

သို့သော် စောယွန်းက ပြုံးနေဆဲပင်ဖြစ်သည်။
သုန္ဓက စောယွန်း၏ မျက်နှာကို အကဲခတ်ပြီးနောက် မေးသည်။

"ပီအိုက်မှာ အကြံတစ်ခုခုရှိနေတယ်မဟုတ်လား?"

ထိုအချိန်တွင် သူတို့အခန်းတံခါးမှ တံခါးခေါက်သံကို ကြားလိုက်ကြရသည်။ စောယွန်းနှင့် သုန္ဓက ပြိုင်တူ တံခါးဆီသို့ ကြည့်မိကြပြီး စောယွန်းက သုန္ဓကို ကြည့်လိုက်သည်။

"အကောင်အထည်တောင် ဖော်ပြီးနေပြီ။
ဝင်ခဲ့လေ လှထွန်း။"

လှထွန်းလေးက မမြင်ရသည့် ၄လ အတွင်း အရပ်အနည်းငယ် ပိုရှည်လာသည့်နှယ်ပင်။

"အခြေအနေ? "

"သခင်လေး မေးတဲ့အတိုင်း ဒီရက်ပိုင်း ပစ္စည်းအဟောင်း လာရောင်းတဲ့လူ ရှိသလားလို့ ဈေးထဲမှာ မေးကြည့်ပါတယ်။ ဒါပေမယ့် တစ်ဈေးလုံး
ကနေ မရှိဘူးဆိုတဲ့ အဖြေပဲရခဲ့ပါတယ်။

စောယွန်းက ခေါင်းညိတ်နေသည်။

"ထင်တော့ထင်သား။ ရတယ် လှထွန်းငယ်၊ ကျေးဇူးတင်ပါတယ်။ အကို ကိုယ်တိုင်ပဲ ဈေးထဲ သွားကြည့်ဦးမယ်။ "

"ဟုတ်ကဲ့ သခင်လေး။ "

"ဟုတ်ပြီ။ အခန်းပြန်နားလို့ရပြီ လှထွန်းလေး။"

"ကျွန်တော််ကို သွားခွင့်ပြုပါ။"

လှထွန်းလေးက သုန္ဓနှင့် စောယွန်းကို အရိုအသေပေးကာ အခန်းထဲမှ ထွက်သွားသည်။

"ပစ္စည်းအဟောင်းတွေ ဝယ်တဲ့ဆိုင်မှာ စုံစမ်းခိုင်းခဲ့တယ်ပေါ့ ?"

"အင်း၊ သက်သေဖျောက်ဖို့ အလွယ်ဆုံးနည်းကိုး။ ပြန်ရောင်းတာမဟုတ်ရင်တော့ ပစ္စည်းတွေကို သိမ်းထားတဲ့နည်း နဲ့ တစ်နည်းပဲ ကျန်မယ်။"

"ဘာနည်းလဲ ပီအိုက် ?"

သုန္ဓက မေးရာ စောယွန်းက မျက်ခုံးနှစ်ဖက်ကို ပင့်ပြသည်။

"လျို့ဝှက်ချက်--နောင့်စိုင်း ဒီညနေ ပီအိုက်နဲ့ ဈေးထဲကိုလိုက်ခဲ့ရင် သိလိမ့်မယ်။"

ညနေစောင်းသည်နှင့် စောယွန်းနှင့် သုန္ဓက
စျေးထဲ ရောက်နေကြပြီ ဖြစ်သည်။ စောယွန်းက အဝတ်အစားအနည်းငယ် ဝယ်ရန် ဆုံးဖြတ်လိုက်ပြီး လုံချည် ရောင်းသည့် ဆိုင်တစ်ဆိုင်ကိုဝင် သွားလိုက်သည်။

ဟေမန္တအလွန်Where stories live. Discover now