နှောင်ကြိုးတစ်စ

Start from the beginning
                                    

မကြာလိုက်ပါ အခန်းအ​ပေါက်၀တင်ရပ်ကာ
"၀င်ခွင့်ပြုပါ ခင်ဗျ"
ဆိုတဲ့ အသံ​ကြောင့် တစ်တန်းလုံး အကြည့်က ထိုတစ်​ယောက်ဆီသို့။

​ကျောင်းသားသစ်​တော့ ဆူခံရမှာ​သေချာပြီလို့ အားလုံးကတွက်ပြီးသားမို့ သူ့ကို သနားသလိုကြည့်​နေကြသည်။

အချိန်ဇယားကိုသာ အသည်းသန် ကူး​နေ​​သော ကျွန်​တော်က ဆရာမရဲ့ ​ ​​အော်လိုက်သံကြားမှ ​လှမ်းကြည့်မိ​တော့ ​ကျောင်း​ပေါက်မှာ​တွေ့ခဲ့တဲ့ ​ဂျစ်တိုက်​နေတဲ့​​ကျောင်းသား။

သူက​သော်တာယံ့​ဘေးခုံမှာ၀င်ထိုင်လိုက်ပြီး ခပ်ကုပ်ကုပ်​လေးသာ ​နေသည်မို့ ​ခေါင်းအသာရမ်းရင်း စိတ်မ​ကောင်းဖြစ်မိ​သေးတယ်။

​နောက်ရက်​တွေ ​သတိထားကြည့်မိ​တော့ ​ကျောင်းကိုအမြဲတမ်း​​​​စောရောက်​နေတတ်တဲ့ ​နှောင်းရိပ်မာန်ဆိုတဲ့ ​​ကျောင်းသားသစ်​လေး။

​သူ့ကို​တွေ့လိုက်တိုင်း အမြဲ မရွှင်မပြ ဖြစ်​နေတာကို သတိထားမိသည်။

သူကလည်း ဆရာမ​တွေဆီက မကြာခဏဆူခံရတတ်ပြီး ဒီ​ကျောင်းက ထွက်​ပြေးချင်စိတ်​ပေါက်​နေဟန်။

ကျွန်​တော်​ပြောခဲ့ပါ​ရောလား ကျွန်​တော်တို့​​ကျောင်းမှာ စည်းကမ်းချက်ထဲမပါ​ပေမယ့် လိုက်နာ​နေရတဲ့ အရာ​တွေရှိတယ်လို့။

သူ့လို အသစ်​လေးတစ်​ယောက်အတွက်​တော့ သတိမထားမိခင်မှာပဲ အပြစ်ကျူးလွန်မိ​နေတာ​ပေါ့။

သူ့ကိုသတိထားမိ​ပေမယ့် သူနဲ့ရင်းနှီး​အောင်​တော့ မကြိုးစားမိခဲ့။

ကျွန်​တော်ကိုယ်တိုင်ကလည်း လူ​တွေနဲ့ အ​ရောတ၀င်​နေရတာ သိပ်သ​​ဘောမကျ။ အတန်းထဲကလူ​တွေနဲ့လည်း ခပ်တန်းတန်းသာ ဆက်ဆံဖြစ်သည်။

ပထမဆုံးလပတ်စာ​​မေးပွဲ​ဖြေ​တော့ ကျွန်​တော့်အဆင့်ကပုံမှန်အတိုင်းထိပ်ပိုင်း မှာရှိ​နေမြဲ။ ​ကျောင်းသားသစ် အ​ခြေ​အနေကို သိချင်တာမို့ စပ်စုကြည့်​တော့ အဆင့်​နောက်ဆုံးက​ရေရင် ဒုတိယတဲ့။

သူက အရင်​ကျောင်းတုန်းက ခရိုင်အဆင့်​တွေ​တောင်ဆုရဖူးတဲ့ ထိပ်တန်း​ကျောင်းသားဆို အခု​​တော့ ဘယ်လိုဖြစ်တာပါလိမ့်လို့​တွေးမိသည်။

🎉 You've finished reading ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ) 🎉
ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now