Episode - 24 (Z+U)

Start from the beginning
                                    

ဟုပြောရင်း ထွက်လာသော Luous ကိုမြင်တော့ Rhon လည်းကားထဲမှထွက်လာလိုက်သည်။

" မောင် ဘာကိစ္စရှိလို့လဲ "

" အချစ်ကိုတွေ့ချင်လို့ပေါ့ လာကားပေါ်တတ် တစ်နေကုန် သွားမယ့်နေရာတွေလိုက်ပို့မယ် တစ်ခါတည်းခေါ်ပြီးပြန်မယ် ဒီညမောင်နဲ့တူတူအိပ်ပေး "

" အိပ်ရုံပဲနော် အခြားဟာတွေပါလာလို့ကတော့ ဟင်း "

" အင်းပါ အချစ်ကို စိတ်မချလို့ "

" ပြီးရော သွားမယ် အခု အချစ်တစ်ခုခုစားချင်နေတာ အရင်ဆိုင်လေးကိုပဲဝင်လိုက် "

" ok"

Rhon လည်းကားကိုမောင်းကာ အရင်သူတို့အတူတူထိုင်နေကြ ဆိုင်လေးကိုပဲမောင်းလာလိုက်သည် ။

" စားပြီးရင်အားလား?"

" အင်း ညနေတော့အားတယ် "

" ခေါ်သွားစရာတစ်နေရာရှိတယ် "

..............................။

မနက်ကတည်းက အကိုRhon လာပို့ထားသော စာအုပ်တွေကိုဖတ်ရင်း ဇာတ်ကြောတွေနာလာတာမို့ စာအုပ်ကိုခဏပိတ်ကာ ခုံပေါ်မှာပဲခေါင်းမှောက်အိပ်လိုက်သည်။

သူ့အတွက် စာတွေမလေ့လာရတာကြာပြီမဟုတ်လား? အချို့အရာတွေဆိုရင် အသစ်အဆန်းတွေလိုဖြစ်နေသည်။

အိပ်နေရင်း အကို့Rhon ဆီမှဖုန်းဝင်လာတာမို့ ကိုင်လိုက်သည်။

(Zale အကိုလူတစ်ယောက်နဲမိတ်ဆက်ပေးမယ် သူကမင်းရဲ့ဆရာနော်)

" ဟမ်! ဟုတ် ဟုတ် "

ဆရာဆိုတာနဲ့ Zale လည်းထကာ အိပ်ချင်နေသော မျက်လုံးတို့ကြောင့် မျက်မှာသစ်၍သာ စာထိုင်ဖတ်နေလိုက်သည်။

၄၅ မိနစ်လောက်ကြာတော့ ဘဲလ် တီးသံကြားရတာမို့ တံခါးသွားဖွင့်ပေးလိုက်သည်။

" အကို Rhon "

Rhon လည်းတိုက်ခန်းထဲသို့ ကောင်လေးတစ်ယောက်ရဲ့လက်ကိုဆွဲ၍ဝင်လာသည်။

" ဒါအကို့ချစ်သူ ၊ မင်းအတွက်တော့ ဆရာပေါ့ Luous နော် မှတ်ထား ။ အော် အချစ် ဒါက Zale. Engineering college မှာဝင်ခွင့်ဖြေရမှာ အချစ်အမေရဲ့ကျောင်းဆိုတော့ လိုတာတွေကို အချစ်ပဲသင်ပေးပါဦး "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now