Episode - 24 (Z+U)

Start from the beginning
                                    

" သား Luous လေးရော "

" အချစ် ပြန်သွားပြီ အချိန်မရလို့ တနင်္ဂနွေနေ့မှလာမယ်တဲ့ "

" ဘာမှတောင်စားမသွားဘူး ၊ ဟဲ့ နင့်ကိုစိတ်ကုန်နေတာများလား? "

" မဖြစ်နိုင်တာကို ဒေါ်လေးကပြောပြီ "

" ဘာလို့မဖြစ်နိုင်ရမှာလဲ? နင်က သူ့ထက်လည်းအသက်ငယ်တယ် ပိုပြီးလည်းဂျစ်တိုက်တော့ သာတဲ့သူနဲ့တွေ့နေတာများလား? နင့်ကိုစိတ်ကုန်သွားတာသေချာတယ် "

"မဟုတ်ပါဘူးဆို ဒေါ်လေးကလည်း ဘာတွေပြောနေမှန်းမသိဘူး အခန်းထဲဝင်တော့မယ် "

ဂျိမ်း.....

ဆူပုတ်ကာ ခေါင်းကုတ်၍ အခန်းထဲဝင်သွားလေသော အမောင်Rhon ကိုကြည့်ပြီး အဒေါ်ဖြစ်သူ ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့ရသည်။

စိတ်ထိခိုက်လွယ်လိုက်တာဟယ် ။ ငါ့တူက အပေါ်ကကော ဟုတ်ရဲ့လား? ဆိုပြီး မဟုတ်တရုတ်အတွေးတို့ ဒေါ်နန်းညို ရဲ့အာရုံထဲဝင်လာလေသည်။

အတွေးတို့ကိုဖျောက်ကာ စားသောက်ဖို့ပြင်ဆင်ပြီး အမောင်Rhon ကိုသွားပို့ရသေးသည်။

အခန်းထဲဝင်လိုက်တော့ တစ်ခန်းလုံးအဝတ်တွေနဲ့ ရှုပ်ပွနေတာမို့ ရှင်းလင်းပေး၍ အော်ခေါ်လိုက်တော့ ရေချိုးခန်းထဲကထွက်လာလေသည်။

" ဘယ်တုန်း တစ်ခန်းလုံးလဲရှုပ်ပွနေတာပဲ "

" အပြင်သွားမလို့ Luous ဆီ "

" အဲ့တာနဲ့ပဲ တစ်ခန်းလုံးကိုဖွထားရလား?"

" ဟူဒီအ၀ါလေးဘယ်ရောက်နေမှန်းမှမသိတာ "

" နင်ငါ့တူဟုတ်ပါတယ်နော် "

ဒေါ်နန်းညို လည်း Rhon ရဲ့ နှဖူးကိုစမ်းကာ အပူချိန်တိုင်းသလိုလုပ်နေတာမို့ Rhon လည်းဒေါသထွက်လာသည်။

" ဒေါ်လေးဘာဖြစ်နေတာလဲ "

အဒေါ်ကိုပြောရင်း ရှိတဲ့အင်္ကျီကောက်ဝတ်ကာ Luous ရဲ့ ကျူရှင်အိမ်ကိုလိုက်လာလိုက်သည်။

ကားရပ်၍ အိမ်ရှေ့တွင်စောင့်နေတာ ၂ နာရီကြာသွားလေပြီ ။

" ဟုတ်ဆရာ သွားပြီနော် "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now