အခန်း ၈ (Z + U)

Start from the beginning
                                    

သုန္ဓက သူ၏ နံဘေးတွင် ထိုင်ပြီးနောက်
စောယွန်း ၏ လက်ကို ကြည့်သည်။

"ယောက်ျားပဲလေ၊ လက်မလှတော့ ဘာဖြစ်သလဲ ?"

စောယွန်းက ပြုံးသည်။

"လှချင်တာ မလှချင်တာ၊ ယောက်ျား မိန်းမရယ်နဲ့မှ မဆိုင်ပဲ။ ယောက်ျားဆိုပြီး မလှချင်ရဘူး၊ ယောက်ျားပီသမှ ဖြစ်မယ်ဆိုတာ ပီအိုက်တော့သဘောမကျဘူး။ မိန်းကလေးတွေလည်း အားကြီးနိုင်သလို ယောက်ျားလေးတွေလည်း အားပျော့နိုင်တာပဲ။ "

သုန္ဓက ခေါင်းအနည်းငယ် ညိတ်သည်။

"ကျွန်ုပ်တို့ အင်းဝမှာလည်း အမျိုးသမီး စစ်သူကြီး၊စစ်သည်တွေရှိတာပ။ အချို့က အမျိုးသားစစ်သည်တွေနဲ့ အင်အားချင်း ယှဉ်နိုင်ပြီး တိုက်ခိုက်စွမ်းရည်လည်း
ကောင်းကြလေရဲ့။"

မြောက်အရပ်မှ လေအေးတချို့က သူတို့နှစ်ဦးကြား တိုးခွေ့၍ဝင်လာသည်။ စောယွန်းက ကောင်းကင်ယံပေါ်မှ တိမ်များကို မော့ကြည့်ကာ ဆိုသည်။

"ဒါပေမယ့်  ယောက်ျား၊မိန်းမ မရွေး အန္တရာယ်ရှိနိုင်တာမို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့
ကလည်း လိုသေးတယ်။ "

သုန္ဓက  ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ပြောသည်။

"ပီအိုက်က အရပ်ရှည်ပြီး လက်တွေ ခြေထောက်တွေက ပျော့ပျောင်းတယ်၊ အာရုံပျံ့လွယ်တဲ့
လူလည်းမဟုတ်ဘူး၊ ခွန်အားကို အနည်းဆုံးသုံးပြီး ခုခံကာကွယ်ရမယ်ဆိုရင်-- လေးနဲ့မြားက
ပိုအဆင်မပြေပေဘူးလား ? "

စောယွန်းက နဖူးပြင်မှ ချွေးများကို သုတ်လိုက်သည်။

"လေးနဲ့ မြား၊ ကြိုးစားကြည့်ရမှာပေါ့။"

သုန္ဓက ခေါင်းညိတ်သည်။

"အားနည်းနည်းပဲ သုံးရမယ်ဆိုပေမယ့် လေလမ်းကြောင်းနဲ့ ကိုယ်ဟန်အနေအထားကို သိဖို့လိုသေးတယ်။ နောက်တစ်နေ့ လေ့ကျင့်ရေးကွင်းမှာ လေးနဲ့ မြားကို လေ့ကျင့်ကြည့်ကြတာပေါ့။"

သုန္ဓ၏ စကားကို ကြားသည့်အခါ စောယွန်းက ကျေနပ်စွာပြုံးသည်။ 

နောက်တစ်နေ့တွင် စာသင်ချိန် မရှိပဲ တစ်ရက်တာ အနားရသည်။  စောယွန်းနှင့် သုန္ဓက
ရှမ်းအင်္ကျီနှင့် ဘောင်းဘီများကို ဝတ်ဆင်လျက် လေးပစ်ကွင်းသို့ ထွက်လာခဲ့သည်။

ဟေမန္တအလွန်Where stories live. Discover now