Episode - 23 ( Z+U)

Start from the beginning
                                    

ဒေါ်နန်းညို လည်း စကားမှားသွားတာမို့ ပြန်ထိန်းကာပြောရသည်။

" ဟုတ် သားက ခွန်းဆက်အိမ် Zale ပါ "

"အေးကွယ် လိမ္မာလိုက်တာ အဒေါ်အရင်းလိုပဲဆက်ဆံနော် ကဲ ဒေါ်လေးပြန်တော့မယ် ကိစ္စလေးရှိသေးတယ် Rhon ညီလေး ကိုသေချာဂရုစိုက်နော် "

" ဟုတ်ကဲ့ပါ ဒေါ်လေးရယ် "

ဒေါ်လေးပြန်သွားတော့မှ Zale လည်းရေချိုးကာ Rhon ကတော့ ညနေစာချက်ပြုတ်နေလေသည်။

ကြာရင် အကိုပါ တိုက်ခန်းပြောင်းနေရမည့်အခြေအနေပင် ။ အခန်းက ၂ ခန်းဆိုတော့ ပိုတောင်အဆင်ပြေသေးသည်။

ကိစ္စတွေ အလုပ်တွေပြီး၍ အတူတူညစာထိုင်စားကြသည်။

...........................။

" Boss !"

"ဘာဖြစ်လာတာလဲ အလောတကြီး "

မာန် လည်း ကုမ္ပဏီ ကပန်းခြံလေးမှာရပ်ကာ အချိုရည်သောက်နေရင်း စစ်ကို ကပြေးကာ အော်ခေါ်လိုက်တာမို့ မာန် လည်း လန့်သွားသည်။

" သိရပြီ "

"ဘာကို "

" နည်း...နည်းပါးပါး....သိရ.....ဘုန်းစစ်ဟန် တို့အကြောင်းဟူး..."

မာန် လည်း လက်ထဲက မသောက်ရသေးသော အချိုရည်ဗူးအသစ်ကိုပေးကာ မောနေသော စစ်ကို ကိုသောက်စေသည် ။

"သောက်လိုက်ဦး မင်းကြည့်ရတာသေတော့မလိုပဲ"

"Boss ရယ် ကိုယ့်တပည့်ကိုယ်ပြောတာ ငြင်သာလိုက်တာ Boss ကိုလိုက်ရှာနေရတာလေ ဘာလို့ အနောက်ဘက်ပန်းခြံထဲရောက်နေရတာလဲ "

"တော်ပါ အမောဖြေပြီးရင် ပြောစရာရှိတာပြော "

" ဟူး...."

စစ်ကို လည်း ခဏနားကာ ခုံတန်းလေးမှာထိုင်၍

" ဘုန်းစစ်ဟန် က တစ်ဦးတည်းသော သား "

"ဘာ! အဲ့တာဆို သူ့ရဲ့ညီဆိုတာကရော "

" ညီမဟုတ်ဘူး။ ဘာမှမတော်ဘူးတဲ့ ပြီးတော့ ဟိုနေ့က ဘုန်းစစ်ဟန် မြို့စွန်က အိမ်ပုပုလေးတစ်လုံးကို သော့ခတ်နေတာကိုတွေ့ခဲ့တယ်တဲ့ "

"အခုချက်ချင်း ကားပြင် အဲ့ကိုသွားမယ် "

" ဒါ .... ဒါပေမယ့် Boss "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now