🎄Christmas Special Gift🎄

Start from the beginning
                                    

  

Q : စောယွန်းက ၂၁ရာစုကနေ ဘယ်ခေတ်ကို ရောက်ရှိလာတာလဲ?

A : စောယွန်းတစ်ယောက် ရောက်ရှိလာတဲ့ ခေတ်ကတော့ ပြောဖို့ခက်ပါတယ်။ အင်းဝမှာ နန်းစိုက်လို့ အင်းဝခေတ်လို့ ဆိုရမှာပေမယ့် ခုနစ်သက္ကရာဇ်က ၁၈၅၀ ဆိုတော့ တကယ်တမ်းမှာ မင်းတုန်းမင်းလက်ထက်ကာလဖြစ်နေပါတယ်။ စောယွန်းက ၂၀၂၀ ကနေ အတိတ်ကာလကို ပြန်ရောက်သွားတယ်ဆိုပေမယ့် ( Spoiler alert) မတူတဲ့ မြန်မာ့သမိုင်းထဲကို ရောက်သွားတာလို့ ဖန်တီးထားပါတယ်။ 

လူတွေက ရွေးချယ်စရာတွေရှိတဲ့အခါ မတူတဲ့ ရွေးချယ်မှုတွေကို ရွေးတိုင်း အနာဂတ်တွေက ကွဲသွားတယ်ဆိုတဲ့ အချက်ကို ယူပြီး ဇာတ်လမ်းကို ဖန်တီးထားတာဖြစ်ပါတယ်။

ဒါကြောင့် အရင်မင်းတစ်ပါးပါးရဲ့ ရွေးချယ်မှု
မတူတာကြောင့် တိုင်းပြည်အခြေအနေ၊ ခေတ်ကာလကလည်း ကွာခြားသွားတယ်လို့ ဖန်တီးထားပါတယ်။

စိတ်ကူးယဥ်ပြီး ဖန်တီးထားတဲ့ အင်းဝက
တကယ့်သမိုင်းထဲက ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းတုန်းမင်းလက်ထက်နဲ့ ယှဥ်ရင် အများကြီးတိုးတက်ခေတ်မီနေတာကို Fic ရဲ့ (နောက်ပိုင်းမှာ ပိုပြီး) မြင်နိုင်ပါတယ်။


Q : ၂၁ရာစုက စောယွန်းရဲ့ ဖခင်ဖြစ်သူက ဘာ အလုပ်လုပ်တာလဲ?

A : စောယွန်းရဲ့ အ​ဖေက ပရိဘောဂ စက်ရုံပိုင်ရှင်တစ်ယောက်ပါ။ မြန်မာမှုလက်ရာတွေအတိုင်း ပရိဘောဂပစ္စည်းတွေကို ထုတ်လုပ်ပြီး ပြည်တွင်း၊ပြည်ပ ရောင်းချပါတယ်။

တစ်ဖက်ကလည်း မြန်မာ့ အနုပညာကို မြတ်နိုးသူတစ်ဦးလည်း ဖြစ်တာမို့ ''မြန်မာ့ပန်းဆယ်မျိုးအနုပညာ ထိန်းသိမ်းမွမ်းမံရေး'' ဆိုတဲ့ 

အဖွဲ့အစည်းမှာ တွဲဘက်ဥက္ကဌအနေနဲ့ တာဝန်ထမ်းဆောင်ပါသေးတယ်။ သူ့ရဲ့ ဆောင်ပုဒ်ကတော့ ''အနုပညာကို လက်ဆင့်မကမ်းပေးနိုင်ရင်တောင် အနုပညာကို ထိန်းသိမ်းဖို့ သင်ပေးရမယ်'' ပါတဲ့။

🤣 ရှုပ်သွားသလား? ကိုယ်က အနုပညာတစ်ခုခုကို မတတ်လို့ သားသမီး၊ တပည့်တပန်းကို ပညာအမွေမပေးနိုင်ရင်တောင် အနုပညာကို တန်ဖိုးထားပြီး ထိန်းသိမ်းတတ်အောင် သင်ပေးရမယ်လို့ ဆိုလိုတာပါ။

ဟေမန္တအလွန်Where stories live. Discover now