6 - LIE To ME

Começar do início
                                    

ရေနွေးအိုးတစ်လုံးနှင့် အချိန်အတော်ကြာသည် အထိ
အလုပ်ရှုပ်ပြီးတဲ့အခါ
ကောင်လေးရှိရာကို ပြန်လာတော့
စနစ်တကျ သိမ်းဆည်းထားတဲ့ အိပ်ယာခင်းတွေနဲ့အတူ
ထိုကောင်လေးက ကုတင်ပေါ်မှာ ငုတ်တုပ်လေး

"ငါ ဘာမှတော့ မလုပ်တတ်လို့
ကြာဇံပြုတ်လာတယ်
ပျော့သွားတယ် ဆိုတာကို သိပေမယ့်
မင်းဆေးသောက်ဖို့အတွက် စားရမယ် "

"ကျနော့်ကို ဂရုစိုက်ပေးလို့
ကျေးဇူးတင်ပါတယ် "

ဘာစကားမှ ထပ်မပြောတော့ပဲ ချပေးလိုက်တဲ့
ကြာဇံပြုတ်ပန်းကန်ကို ကြည့်ပြီး ရုတ်တရပ်ကြီး ထငိုတဲ့
ကောင်ငယ်လေး

ဆက်တိုက်ဆိုသလို ငိုနေရင်းက တဖြည်းဖြည်းပိုပြီး
ဝမ်းနည်းလာတဲ့ ကောင်လေးကြောင့်
ထိုင်နေသည့် ထယ်ယောင်းပင် စိတ်မကောင်းပေ

ကြာဇံပြုတ်ပန်းကန်ကို အောက်သို့ခန ချလိုက်ရင်း
ဝမ်းနည်းနေတဲ့ ကောင်ငယ်လေးနား ပိုမို တိုးကပ်သွားမိတော့


"Hyg က ပထမဆုံးပဲ
ကျနော့်ကို ဒီလိုမျိုး ဂရုစိုက်ပေးတဲ့လူက
Hyg တစ်ယောက်ထဲ
Hyg တစ်ယောက်ပဲရှိတယ် "

ဒီလိုကောင်လေးဆီက အခုလို စကားတွေကြားရတာ
ဘာကြောင့်ရယ်မှန်းမသိ နာကျင်မိပါသည်

ကျနော်မှ မဟုတ် တစ်ခြားလူတစ်ယောက်ဆိုလည်း ကိုယ်နဲ့ရင်းနီးတဲ့လူတစ်ယောက် ဒုက္ခရောက်နေချိန်မှာ
ဒီလိုပင် ပြုမူမှာ အမှန် ~ ဒါက လူသားချင်းစာနာမှု မဟုတ်လား

သို့ပေမယ့် ပုံမှန် အပြုအမူလေးတစ်ခုက
တစ်ဇွတ်ထိုးဆန်တဲ့ ကောင်ငယ်လေးကို ထိခိုက်နာကျင်အောင် ဘယ်လိုများ လုပ်ယူနေပါသလဲ...

ဝမ်းနည်းစွာနဲ့ ရှိုက်ကြီးတငင်ငိုနေတဲ့ ကောင်လေးကို
ထွေးပွေ့ထားမိသည်

တစ်ချိန်က ထိုကောင်လေးကြောင့်
ကျနော် သေလောက်အောင် စိတ်ဆင်းရဲခဲ့သည်က မှန်ပါသည်
ယခုလို အချိန်မှာတော့ ပစ်မထားရက်ပါ

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Onde as histórias ganham vida. Descobre agora