Chapter 5(part 1)

2.1K 303 10
                                    

Chapter 5(part 1): ပြသာနာအိုးအား မကျေနပ်ချက် မှတ်တမ်း

(T/N- ပြသာနာအိုးဆိုတာ သင့်တော်သလို ဘာသာပြန်ထားတာပါ။ ဝေဟန်အတွက် ချီကျိဖန့်က ပြသာနာ လူ့ဂွစာ ဆန့်ကျင်ဘက်ကောင်ပါတဲ့)

ဂေးဘားကိစ္စ ဖြစ်ပြီးသည့်နောက်တွင် ဝေဟန် သင်ခန်းစာရသွား၍ ချီကျိဖန့်နောက် ခွင့်ပြုချက်မရဘဲ မလိုက်ရဲတော့။ အခြားတစ်ဖက်မှာတော့ ချီကျိဖန့်သည်
မိမိပုံရိပ်အား ထိန်းသိမ်းရန် အပန်းရောင်
ပန်တီကိုဝေဟန်အား ပြန်ပေးရန် အစမဖော်ခဲ့ချေ။

ယနေ့ စာဖတ်ခန်းထဲတွင် ဝေဟန်သည် ပါးပါးချီ၊ မားမားဝေနှင့်အတူသူ့ဘဝလမ်းကြောင်းဘယ်ဆီကို
ဦးတည်သည်၊ ဘယ်အရာက သူ့ဘဝတစ်ခုလုံးအပေါ်
သက်ရောက်မှု ရှိနိုင်လိမ့်မည်ကဲ့သို့ အရေးကြီးကိစ္စအား ဆွေးနွေးနေ၏ ။

"ဝေဟန်သားတစ်ကယ် ဆုံးဖြတ်ပြီးပြီလား? "
ပါးပါးချီမှ လေးလေးနက်နက်ကြည့်၍ နောက်တစ်ကြိမ်ထပ် မေးလာသည်။

"ဟုတ်ကဲ့'' ဝေဟန် တည်ကြည်စွာ ခေါင်းငြိမ့်ပြလိုက်သည်၊
လက်ဖဝါးတွင်တော့ ချွေးစေးများစတင် စြတ္စိုလာ၏ ။

မေမေဝေသည် စိုးရိမ်နေသည့် မျက်နှာနှင့် ပြောလာ၏
"ဟန်ဟန်, သားဦးနှောက်က ဘယ်တုန်းကမှ မထက်မြတ်
ခဲ့ဘူး။ သားတကယ်ပဲ ဖန့်ဖန့်တက်တဲ့ တက္ကသိုလ်ကို ဝင်ချင်
တာလား? သားဘွဲ့မယူနိုင်မှာကိုပဲ အမေစိတ်ပူတယ်''
(T/N- Han-hanဆိုရင် ဟန်ဟန် Fan-fanဆိုတော့ ဖန့်ဖန့်ပဲရေးလိုက်တယ်။ တကယ်တန်းတရုတ်သံနဲ့ဆိုရင် Fန့် လို့ထွက်မှာပေါ့နော်....ဖြည့်ဖတ်ပေးကြပါလိုစ့်။ shy emoji ၃ခု)

ဝေဟန်:''.......''

အေမ သားအပေါ်မှာ ဒီလောက်တောင် အထင်သေးရသလား?

"ဒါဆိုရင် သားအနာဂတ်မှာ ဘာလုပ်ချင်တာလဲ?''
ပါးပါးချီ မေးလိုက်သည်။

ဝေဟန်မျက်လုံးများသည် စားပွဲပေါ်ရှိ ပါးပါးချီ၏ ရဲဝန်ထမ်းကဒ်
ပေါ်သို့ ကျရောက်သွား၏ ။ သူမတတ်နိုင်တော့၍ တလေးတစားဖြင့်
တည်ကြည်စွာ ဖြည်းဖြည်းချင်း ပြောချလိုက်သည် '' ဦးလေးနဲ့
အတူတူပဲ။ အန်ကယ်ချီ ကျွန်တော်လည်း ရဲအရာရှိတစ်ယောက်
ဖြစ်ချင်တယ်''

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now