Chapter 8(uni)

1.6K 236 4
                                    

Chpater 7:မိသားစု အလည်ခရီး၊ ညီအစ်ကိုတွေရဲ့ ဆင်းရဲဒုက္ခ

ကားသည် မြို့၏ ယောက်ယက်ခတ်လှုပ်ရှားနေသောနေရာမှ မြို့ဆင်ခြေဖုံးဆီသို့ မောင်းနှင်သွား
၏။ အစိမ်းရောင်လယ်ကွင်းများ တစ်ခုပြီးတစ်ခု
ဖြတ်ကျော်ပြီး နောက်ဆုံးတွင် သူတို့အလိုရှိရာသို့
ရောက်ခဲ့ပြီ။

ဇိမ်ခံအပန်းဖြေနေရာတစ်ခုလုံးက အပြာရောင်
ပင်လယ်ကမ်းရိုးတန်းဘေးတစ်လျှောက်၊ နိုင်ငံ
ခြားသားများ ရွက်လွင့်၊ လှေလျှော်၊ ငါးမျှားခြင်း
အစသဖြင့် ပြုလုပ်နိုင်သည့်နေရာတွင် တည်ဆောက်ထားသည်။'သာဘာဝရသရရှိရန်'ဟူသော ရည်
ရွယ်ချက်ဖြင့် ပတ်လည်ဝန်းရံထားသောရှုခင်းအများစုက မြေပြင်ညီအပေါ်မှ ဖြစ်သည်။ ထိုနေရာ
တွင် တောင်ပြင်တက်ခြင်း၊ ဘန်ဂျီကြိုးတပ်ခုန်ချ
ခြင်းနှင့် အခြားအားကစားများလုပ်နိုင်သည့်
တောင်ကုန်းများလည်းရှိသည်။

အားလပ်ရပ်တိုင်း ဤေနရာ၌ နိုင်ငံခြားသားများ
ရှိနေတတ်သည်။ ဝန်ဆောင်မှုအပြည့်ရသည့်
ရေလွတ်အဆောက်အုံ အပန်းဖြေစခန်းဖြစ်ပြီး
ကျေးလတ်လှေပေါ်အိမ်များရှိသည့်အပြင် ဘာဘီကျူ၊ ပျော်ပွဲစားထွက်ခြင်းနှင့် အပန်းဖြေရှုခင်းကြည့်နိုင်သည့် ဧရိယာများလည်း ရှိသည်။

ထို့အပြင် မူလအတိုင်းရှိနေသေးသော ဂျုံကွင်း
ကြီးများထဲ ဟိုတစ်စုဒီတစ်စုရှိနေသည့် လယ်တော
အိမ္မ်ား၊ ကြက်၊ဝက်၊ကျွဲ၊နွားများနှင့် သဘာဝရှုခင်းများ ရှိသည်။

နေရမည့်ဟိုတယ်ရွေးပြီးတော့ နေလည်စာစားပြီး
နောက် မိသားစုလိုက်ငါးမျှားမထွက်ခင် အနည်းငယ်အနားယူ ကြသည်။

ထိုဆိုးရွားလွန်းသည့် သားအမိသားအဖဝတ်စုံ
အကြောင်းပြောရလျှင်၊ ဝေဟန်ကြည့်ပင်မကြည့်
နိုင်၍ အပြင်မထွက်ရဲခင် အပေါ်ကုပ်တစ်ထပ်ကို
ဝတ်လိုက်သည်။ ချီကျိဖန့်ကိုကြည့်လိုက်တော့
သူလည်းပဲ ကုပ်တစ်ထည်ထပ်ဝတ်ထားပြီး ယခင်ကဖြူဖျော့နေသာ မျက်နှာမှာလည်း အနည်းငယ် ပြန်ကောင်းလာပြီ။

ငါးမျှားသည့်နေရာအနီးတွင် ဒေသထွက်လက်ဖက်ခြံ ရှိနေပြီး အမျိုးသမီးများ လက်ဖက်ခူးရင်း
အလုပ်များနေသည့်ပုံရိပ်ကို မသဲမကွဲလှမ်းမြင်နိုင်
သည်။ လက်ဖက်ရည်ဆိုင်ထဲတွင်လည်း အေးအေး
ဆေးဆေး စကားဖွဲ့နေကြသောသူများလည်း ရှိ
သည်။ တလူလူထနေသည့် လက်ဖက်ရည်ငွေ့များ
က တစ်နည်းတစ်ဖုံဖြင့် လူကို သက်သောက်သက်
သာ ဖြစ်စေသည်။

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now