Chapter 14 (Uni+Zawgyi)

429 83 3
                                    

Chapter 14: ရုပ်ရှင်လက်မှတ်ကြောင့် လူသတ်မှု

နေ့လည်ခင်း၊ Wei Hanဖက်မှာ Jaing Chengruiနဲ့ သူ့ညီလေးကို ၁၅မိနစ်လောက် အဖော်လုပ်ပေးပြီး၊ ဒီအချိန်လောက်ဆို Qi Zhifanနဲ့ Lu Yanတို့လည်း သရဲကားစကြည့်နေလောက်ပြီလို့ တွေးမိတာနဲ့ သူကပါ စိတ်ထဲ ဂနာမငြိမ် ဖြစ်လာတယ်။

အခြားဖက်မှာတော့ Qi Zhifanက ၈၀ရာခိုင်နှုန်း အချစ်ကားဖြစ်ဖို့ ခန့်မှန်းထားတာကြောင့် လက်မှတ်ကိုသေချာကြည့်ဖို့တောင် စိတ်မပါဘဲ Lu Yanဆွဲခေါ်တဲ့ ရုပ်ရှင်ခန်းထဲ လိုက်ဝင်သွားတယ်။ သူက ဒါမျိုးတွေ တခါမှ တစ်မပါဖူးဘူး၊ လုံးဝဂရုမစိုက်ဘူး။

Lu Yanက ရုပ်ရှင်လက်မှတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။ သူ့နှလုံး ၃ပိုင်းက ​စိတ်လှုပ်ရှားနေပြီး ကျန်တဲ့၇ပိုင်းကတော့ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်။ သူမနေနိုင်စွာ နေ့လည်ခင်းတုန်းက Wei Han ပြောတဲ့စကားကို ပြန်မြင်ယောင်မိတယ်။

လူနှစ်ယောက် ပိုနီးစပ်ချင်လို့ ရုပ်ရှင်တူတူကြည့်ကြရင် အသားချင်းပိုပူးကပ်လေလေ ပိုကောင်းလေလေပဲ။ Wei Hanက သူ့ကိုဒီထိုင်းသရဲကားကိုကြည့်ဖို့နဲ့  အနောက်ခုံမှာထိုင်ပြီး အစကနေအဆုံး Qi Zhifanကို တင်းတင်းလေးဖက်ထားဖို့ ကြင်ကြင်နာနာအကြံပေးထားတယ်။ အကယ်လို့ သူ့လက်လေးက Qi Zhifanကို စိတ်ကြွလာအောင် လုပ်နိုင်လိုက်ရင်တော့ သရဲကားကနည်းနည်းကြောက်စရာကောင်းလည်း ဘာဖြစ်လဲ၊ ကြည့်ရတာ တန်တယ်။

Lu Yanက တုံ့ဆိုင်းနေတာတွေ့တော့ Wei Hanက စိတ်ရှည်ရှည်နဲ့ ဖောင်းဖြပြီး အသေချာပြောလိုက်သေးတယ်၊ ဒီအကွက်က ရိုးနေပြီ ဆိုပေမဲ့လည်း အလုပ်ဖြစ်တယ်လေ။ ဒီကအစ်ကိုကြီးက သူနဲ့ Qi Zhifanရဲ့ အနာဂတ်ကို အရမ်းစိတ်ပူပေးနေတာတွေ့တော့  Lu Yanလည်း သူ့ကိုစိတ်မပျက်စေချင်တာကြောင့် ခေါင်းညိတ်လိုက်တယ်။

ရုပ်ရှင်စပြတော့ သွေးသံရဲဲရဲပုံကြောင့် Qi Zhifan ရှော့ရသွားတယ်။ သူ Lu Yanကို မျက်မှောင်ကြုပ် ကြည့်လိုက်တယ်။ ရလဒ်အနေနဲ့ Lu Yanက သူ့ရင်ဘတ်ထဲကပ်ပြီး တိုးတိုး တိုးတိုးပြောတယ်၊ "Zhifan၊ ငါနည်းနည်း​ကြောက်နေတယ်။ ခဏလောက် ကိုင်ထားပါရစေ။"

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးOù les histoires vivent. Découvrez maintenant