Chapter 13 (Part 1)

999 148 13
                                    

ညီလေးရဲ့ မျက်လုံးထဲမှာတော့ "(သူက)ထူးခြား"တယ်
(Part 1)
........................................................................

Z

awgyiေတြ ေအာက္မွာ ဆက္ဖတ္ပါ⚠

"မင်းသတ္တိတွေ ကောင်းသထက်ကောင်းလာတယ်။ မင်းလာပြီးပြီဆိုမှတော့ ပြန်ဖို့ မစဥ်းစားနဲ့တော့။"

ဖမ်းမိခံလိုက်ရတဲ့ Wei Han က ဆုံးရှုံးမှုကို အကြီးအကျယ် ခံစားရမှာဖြစ်တယ်၊ သူ့အတွေ့အကြုံကို အကျဥ်းချုပ်ပြောရရင် အခုချိန်မျိုးမှာ ခုခံမှု မလုပ်သင့်တာ သူ့ကိုယ်သူသိတယ်၊ တအားခုခံပြနေရင် ပိုပြီးဆိုးမယ်၊ ဒါကြောင့် သူ့မှာ Qi Zhifan စေရာတိုင်း လိုက်ရတော့မယ်။

Wei Han နှုတ်ခမ်းက အကြိမ်ရေအနည်းငယ် လှုပ်စိလှုပ်စိ ဖြစ်ပြီးမှ ညှစ်ထုတ်ထားတဲ့ အပြုံးလေးတစ်ခုထွက်လာပြီး ''သဘောကောင်းတဲ့ညီလေး၊ မင်းငါ့ကို ပြန်မလွတ်လည်းရပါတယ် ဒါမဲ့ မင်း......အမ်၊ ဒီအနေအထားနဲ့ မိုးလင်းထိ နေမို့လား?"

သူ့ပေါ်တက်ဖိထားတဲ့ Qi Zhifan က မဖယ်ပေးတဲ့အပြင် ပိုကပ်ဖိလိုက်ပြီး သူ့ဆီက ဝင်သက်ထွက်သက်တွေ Wei Han ရဲ့ မျက်နှာပေါ် ရောက်ကုန်တယ် "ငါက 'နေမှာ' ဆိုရင် မင်းဘာပြောမလဲ?"
(me: 🌚)

''.......'' Wei Han ကြောင်သွားတယ်။ တခါတလေ သူ Qi Zhifan ရဲ့ အတွေးကို လုံးဝ လိုက်မမီဘူး။

အဲ့ဒါနဲ့ဘဲ Wei Han လည်း ခေါင်းဟိုလှည့်ဒီလှည့်နဲ့ ပိုသက်တောင့်သက်သာဖြစ်မဲ့ အနေအထားယူ၊ ပြုတ်ကျတဲ့အိုး ဆက်ကွဲပါစေတော့ဆိုပြီး ဖြစ်ချင်ရာ ဖြစ်ခိုင်းလိုက်တယ်၊ ''ဒါဆိုလည်း ထားလိုက်တော့။ ငါလည်း မနက်ဖန် ကျောင်းသွားရအုံးမှာ။ ငါက အိပ်ချင်ရင် သုံးစက္ကန့်တည်းနဲ့လည်း အိပ်ပျော်တဲ့မျိုး။''

Qi Zhifan က သူ့ကိုသိပ်မယုံချင်ပေမဲ့ ဘာမှပြန်မဖြေဘူး။

အခုချိန်မျိုး သူ့နေရာမှာ အခြားတစ်ယောက်သာဆိုရင် Qi Zhifan ​​အောက်မှာ အဖိခံချင်လွန်းလို့ စောင့်နိုင်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒါက သူတို့ နေ့ခင်းကြောင်တောင်ကြီးမှာတောင့် မက်မယ့် နွေအိမ်မက်ပဲ!မဟုတ်လည်း မျက်နှာတွေနီရဲပြီး နှလုံးသားလေးကလည်း တဒုန်းဒုန်း ဖြစ်နေမှာမလား?

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now