Chapter 12(part 1)

842 132 23
                                    

ကိုယ့်သေကြောင်းကိုယ်ရှာတဲ့ အစ်ကိုအတွက် ပြစ်ဒဏ်

Scroll down if you can't read.

Uni code
Wei Han ပုံကြီးချဲ့ပြောဆိုလိုက်တဲ့ Qi Zhifan ရဲ့ လျှို့ဝှက်ချင်နဲ့ အားနည်းချက်ဖြစ်တဲ့ သွေးသကြားဓာတ်နည်းတဲ့ ရောဂါအကြောင်းက  S တက္ကသလိုလ်ကျောင်းသားတွေကြား အကြီးအကျယ်ဆွေးနွေးမှု ဖြစ်စေခဲ့တယ်၊ အဲ့ဒီလျှို့ဝှက်ချက်က အခုတော့ တစ်ကျောင်းလုံးသိတဲ့ လျှို့ဝှက်ချက်ပေါ့။ ရလဒ်အနေနဲ့ Qi Zhifan လို့ပြောလိုက်ရင် BBS ပေါ်မှာ "သွေးအားနည်းတဲ့ Male god"၊ "ချူချာတဲ့ကျောင်းသားဥက္ကဋ္ဌ"၊ "မချိုတတ်တဲ့ အထက်ပုဂ္ဂိုလ်ကြီး"၊ ခေါင်းစဉ်အမျိုးမျိုးကို ရက်တိုင်းတွေ့ရမှာ ဖြစ်ပါတယ်။

{BBS= လူမှုကွန်ရက်တစ်မျိုးပါပဲ
Male god= တအားချောတဲ့သူ အဲလိုခေါ်ကြတာပဲ}

ပထမရက်အနည်းငယ်တွေမှာတော့ ခွက်ထိုးခွက်လန် ရယ်နေတတ်တဲ့ Wei Hanကို တွေ့ရမှာပါ။ ဒါပေမဲ့ နောက်ရက်တွေမှာ သူအိမ်ပြန်လာရင် ရေခဲရိုက်ထားတဲ့ မျက်နှာနဲ့ Qi Zhifanကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလောက်ကြီးတဲ့ ရေခဲတုံးနဲ့ တစ်ခန်းထဲရှိနေရင် အဲကွန်းတောင် မလိုပါဘူး ဟီးဟီး။

Wei Han လည်းတဖြည်းဖြည်း စိတ်လေးလာတယ်။ ဒါ သောက်ကျိုးနဲ မုန်တိုင်းမလာခင် လေငြိမ်နေတာပဲ!

"ဟိုင်း၊ ချစ်လှစွာသော Ah Fan ရေ၊ ငါ့ကိုလွမ်းနေလား?"

Pei Yuyang သူ့ကို ဖုန်းခေါ်တဲ့အချိန် သူ့ခမျာ Qi Zhifan ကို  မနှောင့်ယှက်ရတာ တစ်ပတ်ကြီးများတောင် ကြာခဲ့ပြီ။ Qi Zhifanက သူ့နားတွေ ငြိမ်းချမ်းရေးရနေတယ်လို့ ရှားရှားပါးပါး ခံစားနေရပေမဲ့ ကံမကောင်းစွာနဲ့ ရောက်လာမဲ့အရာကတော့ ရောက်ကိုရောက်လာ အုံးမှာပဲ။

"​မြန်မြန်ပြော၊ မပြောရင်လစ်လိုက်တော့။" သူ့ ပောက်လို့ပဲစားတွေ နားထောင်ပေးဖို့ အချိန်လည်းမရှိ၊ စိတ်လည်းမပါတာမို့ Qi Zhifan အေးစက်စက်ငေါက်လိုက်သည်။

ဖုန်းရဲ့အခြားတဖက်မှာတော့ သက်ပြင်းချသံ ထွက်လာတယ်။ Pei Yuyang က ငိုသံပါကြီးနဲ့ " အိုင်းယား မင်းငါ့အသံကို မကြားရတာ တစ်ပတ်ရှိပြီ။ ဒါတောင် မင်းကငါ့ကို မလွမ်းတဲ့အပြင် ကြမ်းတမ်းနေလိုက်တာ။ ငါတကယ် နာကြင်သွားပြီ။"

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now