Chapter 12 (Part2)

654 109 17
                                    

ကိုယ့်သေကြောင်းကိုယ်ရှာတဲ့ အစ်ကိုအတွက် ပြစ်ဒဏ်

Zawgyi များ အောက်မှာဆက်ဖတ်ပါ👈

Unicode
................
Qi Zhifan က သူ့အကြောင်းသတင်းပွတာနဲ့ ပတ်သက်ပြီး ကိစ္စတော်တော်များများကြုံဖူးပေမဲ့ သူတစ်ချက်လေးတောင် တုပ်တုပ်မလှုပ်ပဲ သူ့ Male god ဘဝကို ဆက်လှမ်းနေခဲ့တယ်။

ဒါပေမဲ့ အခုတော့ ......ဒီတစ်ခေါက် သတင်းပုတ်ကတော့ သူ့ကို တကယ် ဒေါသထွက်စေခဲ့ပြီ။

ထို့နောက်ပိုင်း သခင်ကြီး အစာသွပ်မုန့်ဆီကို 'ဖယောင်းတိုင်ထွန်းပေးခဲ့တယ်' ဆိုပြီး မေတ္တာပို့စာများ ဆက်တိုက်ပို့လာကြသည်။

{သခင်ကြီးအစာသွပ်မုန့်= pastry lord
Wei han ရဲ့ acc နာမည်ပါ}

ကျောင်းမှာ တစ်နေကုန် ဂနာမငြိမ်ဖြစ်နေတဲ့ 'သခင်ကြီးအစာသွပ်မုန့်' Wei Han ကတော့ အိမ်ပြန်ဖို့ ရန်တွေခုန် ဖင်တွေတုန်နေပြီ။ မကြာခင် ကပ်ဘေး ကျရောက်တော့မယ်လေ။ အဲ့တုန်းက သူသွေးပူနေတုန်း  ဒေါသတကြီး တင်လိုက်မိတာ။ အဲ့လောက်ထိ ကိစ္စကြီးသွားမယ်လို့ မထင်ခဲ့မိဘူး။

ဖြစ်ချင်တော့ ဒီနေ့ Qiဖေကြီး နဲ့ မေမေ Wei ကလည်း အလုပ်ကိစ္စကြောင့် အိမ်မှာမရှိဘူး၊ မနက်ဖန်မှ ပြန်ရောက်မှာ။ ဒါက ဟိုဂြိုလ်ကောင် တစ်ခုခု ကျူးလွန်လို့ အကောင်းဆုံး အချိန်ဘဲ။

အဲ့တော့ သူလိမ်လိမ်မာမာနဲ့ ညစာချက်ပါတော့မယ်၊  ဟင်းရည်တစ်ခွက် ဟင်းသုံးမျိုးကို လုံးဝ Qi Zhifan အကြိုက်၊ အသားနည်းနည်း အရွက်များများလေး။ ညစာ စားပြီးတော့လည်း Wei Han ဖရဲသီးခွဲပြီး ဂရုတစိုက် ဆက်သသေးတယ်၊ ဒါတွေအားလုံးအတွက် Qi Zhifan သူ့ကိုဒီတစ်ခေါက်တည်း ခွင့်လွတ်ပေးဖို့သာ မျှော်လင့်တယ်။

"Wei Han ငါနဲ့ လမ်းလျှောက်ထွက်။"

ဒါက အဖြေကိုမေးနေတာမဟုတ်ဘူး၊​အသိပေးတာပဲ။

"ငါ....ငါမသွားချင်ဘူး။ မသွားလို့မရဘူးလား? " Wei Han တော့ မျက်ခုံးတွေ လှုပ်နေတယ်။

"ဘယ်လိုထင်လဲ?" Qi Zhifan သရော်ပြုံး ပြုံးလိုက်သည်။

Wei Han​ခြေမခိုင် ဖြစ်နေပေမဲ့ သူ့ကိုယ်သူ မကြောက်ဖို့ပြောပြီး  လည်ပင်းဆန့် အော်လိုက်သည်၊ "ငါမသွားဘူး။ မင်းငါ့ကို ရိုက်သတ်လည်း ငါမသွားဘူး!"

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now