Chapter 9

976 128 4
                                    

Chapter 9: ညီလေးဖြစ်သူ၏ အားနည်းချက်

ချီကျိဖန့်ရဲ့ ပုခုံးပေါ်နှင်းပြီး ဝေဟန် ခြံဝင်းထဲကို ချောချောမွေ့မွေ့ပဲရောက်သွားတယ်။ ချီကျိဖန်ရဲ့ မလိုလားတွန့်ဆုတ်နေသည့် မျက်နှာကို ပြန်မြင်ယောင် မိသည့်အခါ သူ့စိတ်ထဲ ချမ်းသာသုခဖြင့် ပြည့်နက်သွားရသည်၊ သူဘယ်လောက်ပျော်နေလဲ မပြောနှင့် ရှိသမျှစိတ်ညစ်စရာများပင် ချက်ချင်းမေ့ကုန်၏။

လူတွေပြောကြတယ် ပျော်ပြီးရင် ငိုရတတ်သည်။
မမျှော်လင့်ထားဘဲ ဝေဟန်ခြံထဲ ခြေချလိုက်သည်
နှင့် ကြက်တစ်သိုက်ထဲကျသွားပြီး မနှစ်မျို့စရာ
အနံ့အသက်က သူ့နံခေါင်းဝထံ စူးခနဲဝင်လာတော့သည်။

နှာခေါင်းနှင့်ပါးစပ်တွေကို ကာထားရင်း ဝေဟန် ဘေးဘယ်ညာ ကြည့်လိုက်သည်။ ငိုး၊ အံ့ဖွယ်ကောင်းစွာ ကားသော့ကအမှန်ပင် ကြက်ဖကြက်မ အအုံလိုက် ကြားထဲတွင် ရောက်နေသည်။

ဤ​နေရာ၏ စရိုက်များက ကြမ်းသောကြောင့် ဖြစ်မည်၊ ကြက်များက ခေါင်းထောင်ကာ နိုင်လိုမင်းထက် ပုံစံများ ပြသလာသည်၊ အထူးသဖြင့် နီနီရဲရဲ အမောက်နှင့် သန်သန်မာမာရှိသော တက်ကြွတဲ့ ကြက်ဖ တစ်ကောင်ပင်။ သူ့(တက်ကြွတဲ့ကြက်ဖ) မျက်လုံးက ဝေဟန်ကို ''မကောင်းသော''အကြည့်ဖြင့် စူးစူးစိုက်စိုက်ကြည့်လာသည်။

ဝေဟန်လည်း သူတို့ကို ရန်သွားမစချင်ပေမဲ့ ကြက်အုပ်ထဲကို ရောက်နှင့်ပြီးသား ဖြစ်နေပြီ။

ဒေါသကြီးတဲ့ကြက်ဖကြီးက အသံကျယ်ပေးကာ
ဝေဟန်နောက်ကို ဖင်ထောင်ထားရင်း(မာန်ဖိပြ)
လိုက်လေတော့ မမှီနိုင်ဘဲ ဖြစ်နေသည်။ ''ဘော်လုံးလိုဝသော''ကြက်မများက စိုးစဉ်းမျှအံ့သြခြင်းမရှိ တောင်ပံခံပြီး ပျံကုန်ကြသည်။ ကံမကောင်းစွာ သူတို့အပေါ်ကိုမပျံနိုင်၊ ရွေ့တောင်ရွေ့မရဘဲဖြစ်နေသည်။ သို့ပေမဲ့ တောင်ပျံခတ်လိုက်ခြင်း
ကြောင့် ကြက်တောင်မွေးများ နေရာတကာပျံကျဲကုန်ပြီး ဝေဟန်ကို ခဏဏနှာချေစေသည်။

ကားသော့ကို ခက်ခက်ခဲခဲနဲ့ ယူနိုင်ပြီးနောက်
ဝေဟန် ကြက်အုပ်ကြားမှ အမြန်လစ်တော့သည်။

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now