Ep_18

4.8K 610 17
                                    

Unicode

April 1,2017

Triple Company မှာသုံးထပ်ရှိ၍ နှိုင်း၏ရုံးခန်းနှင့်ဝန်ထမ်းအချို့ရုံးခန်းမှာမြေညီထပ်တွင်ဖြစ်သည်။နှိုင်းမှာယခု ထပ်ခိုးပေါ်တွင်ရောက်နေသည်။

ဘောင်ခတ်ထားသောတန်းထက်လက်တို့တင်ကာ ဖြည်းညင်းစွာတိုက်ခတ်လာသောလေအေးတို့၏တိုးဝှေ့ခြင်းအား မျက်လွှာချလျက်ခံယူနေသည်။

မို့ကိုမတွေ့ရတာဒီနေ့နဲ့ဆို 14ရက်နဲ့ 18နာရီရှိနေပြီ..ဖွင့်ပြောမိတဲ့‌ေန့ကစပြီးရုံးကိုတောင်မလာတော့ဘူး ကိုယ့်ကိုမုန်းသွားပြီလားမို...။
ကိုယ်စောင့်နေတယ်နော် မိုကိုယ့်ကိုပြန်ချစ်လာမယ့်နေ့ရက်လေးကို ကိုယ်စောင့်နေတယ်....။

မျက်ဝန်းညိုညိုတို့အားစွဲလမ်းစိတ်မှာ တစ်နေ့ထက်တစ်နေ့ပို၍ပင်နက်နဲလာသည်။ခပ်စွာစွာနှင့်ရန်ပြန်တွေ့တတ်သောအသံကိုလည်းမကြားရသည်မှာအ‌ေတာ်ကြာပြီဖြစ်သဖြင့် သူအရမ်းပင်လွမ်းနေပါသည်။

တင်းကြပ်နေသောစိတ်တို့အား လေတစ်ဝှေ့နှင့်အတူ‌ေရာကာဖြေ‌ေလျှာ့လိုက်သည်နှင့် ခပ်တွန့်တွန့်မျက်ခုံးတို့မှာြဖည်းြဖည်းချင်းအားလျော့လာသည်။

ကိုယ် တိမ်တိုက်လေးဖြစ်ချင်မိတယ်မို..။လေပြေစေရာလွင့်ရတဲ့ တိမ်တိုက်ကလေးလို
မို ဖြစ်စေချင်တာတွေကို ကိုယ်လိုက်လျောပေးချင်တယ်။
ဒီလေပြေတွေလိုမျိုး မင်းကို့ဆီအရောက်လာခဲ့ပေးပါလား......။

နှစ်သစ်ကူးလို့အချစ်ဦးကိုရှာဖွေ..
ဘယ်အရပ်ဌာနေ ဘယ်ဆီများသွားပါလိမ့်အနေစိမ်းတဲ့သူရေ..ပန်းပိတောက်ဝါတွေ ပန်းပိတောက်ဝါတွေ
ရွှေရည်လူးဖူးပွင့်ခဲ့ပြီလေ.....

သီချင်းသံကြောင့် အောက်သို့ငုံကာကြည့်လိုက်သည်။ကုမ္ပဏီရှေ့သို့ဖြတ်လာသော ထီတွန်းလှည်းကလေးမှ တေးသံသာသာလွင့်လာခဲ့ခြင်းပင်။ဧပြီလမှာ သင်္ကြန်ကာလပင်မဟုတ်ပါလား။နှစ်သစ်ကူးတော့မည်ဖြစ်သဖြင့် လေထုမှာ ပို၍လတ်ဆတ်လာသလိုခံစားရသည်။

သင်္ကြန်ရောက်တော့မယ်မို...ရုံးပိတ်ရက်တွေနဲ့လဲနီးလာပြီ မင်းကိုယ့်ဆီ တကယ်မလာတော့ဘူးလား...။

သူမှလွဲ၍ _CompletedWhere stories live. Discover now