Ep_14

5.5K 817 17
                                    

Unicode

February 2,2017

ထုံးစံအတိုင်း ရေမိုးချိုးအဝတ်အစားလဲကာ ဘောင်းဘီပေါင်တိုဝတ်နေပြန်ပါသည်။ မှန်ထဲမှာ နေ့တိုင်းမြင်နေရတဲ့ ကိုယ့်မျက်နှာကိုယ်လည်း ငြီးငွေ့ခြင်းမရှိ။ ငိုလျှင်တောင် လှသေးလားဆိုပြီး မှန်ရှေ့ထိုင်ငိုသည်မှာသဘာဝ။ အလုပ်မှစဉ်းစားခိုင်းထားသည်ထက် တစ်နေ့‌တစ်နေ့ ဗီဒိုထဲက ဘယ်အဝတ်အစားကို အလုပ်ဝတ်သွားရင်ကောင်းမလဲဆိုတာပဲ ခေါင်းထဲမှာရှိသည်။

ယောက်ျားလေးတစ်ယောက်ဖြစ်ပေမယ့်လို့ ပန်းတွေကိုသူသိပ်ကြိုက်သည်။ခူးဖို့ရန်မဟုတ် တယုတယနှင့် စိုက်ထားသည်ကို ထိုင်ကြည့်‌ချင်ရုံသာ။အသုံးအဆောင်အများစုမှာလည်း ပန်းရနံ့အစုံအလင်။နှင်းဆီနီနီအား ပေါင်းခံကာ စနစ်တကျ ရနံ့ထုတ်ထားသော ရေမွှေးကိုသူစွတ်လေ့ရှိသည်။
နှင်းဆီဆိုသော်လည်း အနံ့မှာမိန်းမမဆန်‌ေန။

ဘယ်သွားသွားမွှေးနေရမည်။ ခေါင်းအစ‌ေြခအဆုံး အနံ့လွှမ်းသွားအောင် ခပ်ပြင်းပြင်းတစ်ချက်နှိပ်ကာ ဖြန်းလိုက်သည်။ယနေ့တော့မျက်မှန်မတပ် ဆွဲငင်နိုင်လွန်‌း‌ေသာညိုရင့်ရင့်မျက်ဝန်းလေးအား အရောင်နက်နက် မျက်ကပ်မှန်တပ်ကာ ဖုံးထားလိုက်သည်။ ယောက်ျား၊မိန်းမ မရွေးဆွဲဆောင်နိုင်သော ဤမျက်ဝန်းကြောင့် မျက်ကပ်မှန်ဆိုလျှင် အမည်းသာ‌ေရွးတပ်ဖြစ်သည်။

လွယ်အိတ်ကိုလွယ်ကာ အပေါ်ထပ်မှဆင်းလာခဲ့သည်။ ထမင်းစားခန်းတွင် မနက်စာစားပြီးမှ ကုမ္ပဏီသို့သွားရန် မှတ်တိုင်တွင်ရပ်စောင့်နေသည်။

‌သွယ်လျ‌ေသာ‌ေြခတံမှာ ကာကီရောင်ဘောင်းဘီတိုကြောင့် ပိုပေါ်လွင်နေသလိုပင်။ မှတ်တိုင်တွင်ရပ်နေကြသော မိန်းကလေးတွေကြား သူကပိုထင်းနေသည်။မနာလိုရလောက်အောင်ကို ချစ်စရာကောင်းနေသည်မှာအမှန်ပင်။ပုရိသများ၏ အကြည့်ကိုတောင် ဖမ်းစားထားနိုင်‌ေသာသူမှာ မိုဝီထူးပင်ဖြစ်သည်။

ထိုလူအုပ်ကြားမှ လူတစ်ယောက်စူးစူးစိုက်စိုက်နှင့် ကြည့်နေသည်ကို သတိထားမိသည်။မကောင်းသောအငွေ့အသက်များအားလည်း တဖြည်းဖြည်းခံစားမိလာသည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now